EXTRA - 4 [ Unicode ] 🚨

4.1K 251 16
                                    

'' မောင် ''

ခေါ်သံတိုးသဲ့သဲ့နဲ့အတူ အခန်းထဲဝင်လာတဲ့လူကို တစ်ချက်မျှကြည့်လိုက်ရင်း မဟော်ပြန်လှည့်လိုက်သည်။ အခုထိ အရှိန်မသေသေးတဲ့ စိတ်ကြောင့် ဆက်ပြောနေရင် စကားအမှားတွေပါလာမှာစိုးတာကြောင့် အခန်းထဲ ပြန်ဝင်လာခဲ့တာ။ ရေချိူးပြီးတဲ့ထိ လူတစ်ကိုယ်လုံးကပူလောင်နေတုန်း။

အဲ့ Tattoo ကိုမြင်တိုင်း ဦးရာဇမဟော်ကို တွဲမြင်သည်။ လင်းမြတ်မဟော်ကို ညီတစ်ယောက်လိုချစ်ခင်သနားပေးနိုင်ပေမဲ့ တခါတလေ ဒီကလေးကိုမြင်တိုင်း ဦးရာဇမဟော်ကို မြင်ယောင်လာမိသည်က ငြင်းမရ။ ထို့ကြောင့် လင်းမြတ်မဟော်ဆွဲထားတဲ့ ပုံကိုမြင်လိုက်တာနဲ့ မဟော်စိတ်တွေလွတ်ထွက်သွားတာဖြစ်သည်။

'' မောင်ရေ ''

လက်ဖြူဖြူသွယ်သွယ်လေးနှစ်ဖက်က အနောက်ကနေ မဟော့်ခါးကိုသိုင်းဖက်လာသည်။ ကျောပြင်မှာ ခပ်အိအိခံစားချက်လေးကို ခံစားမိလိုက်တာကြောင့် မျက်နှာလေးလာအပ်ဟန်တူသည်။

မဟော့်ဆီက တုံ့ပြန်မှုမရလို့ထင်၊ ငြိမ်သက်နေရာမှ လှုပ်လှုပ်ရှားရှားဖြစ်လာကာ မဟော့်ခါးကိုဖက်ထားလျက်နဲ့ ခန္ဓာကိုယ်လေးက မျက်စိရှေ့ကိုရောက်လာသည်။ မျက်လုံးလေးတွေက မဟော့်မျက်နှာရိပ်ကို လိုက်ဖတ်နေတာ ခံစားမိတော့ စိတ်မကောင်း။ အတူနေလာတဲ့ တစ်နှစ်အတွင်းမှာ သျှင်းစက်တည်လေးက မဟော်မျက်နှာမကောင်းရင် သူပါလိုက်ငိုတော့မတတ်ဖြစ်လာတတ်တာလေးက ချစ်စဖွယ်။

'' မောင်တောင်းပန်တယ်၊ မောင်နည်းနည်းစိတ်ဆတ်နေလို့ အော်မိသွားတယ်၊ ဟိုကလေးရော ''

'' ခုနကပဲ စံအိမ်က ကားလာကြိုသွားတယ် ''

'' အင်း ၊ မောင်သိပြီ။ မောင့်ကိုလွှတ်ပါဦး မောင်နားတော့မယ် ''

သျှင်းလက်တွေကိုဖြုတ်ချကာ အိပ်ရာဆီလျှောက်သွားတဲ့သူကို ကြည့်ရင်း နှုတ်ခမ်းဆူကာ မျက်ခုံးတွေကို စုကြုံ့လိုက်သည်။ မောင်ဘာဖြစ်နေတာများလဲ။ ဒီကောင်လေး မနက်ကထဲက ထူးဆန်းနေတာကို သတိထားမိသည်။

ထိုပုံစံအတိုင်း ရပ်နေမိတာ ဘယ်လောက်ကြာတယ်မသိ၊ သျှင်းတစ်ကိုယ်လုံး လေပေါ်မြှောက်တတ်သွားမှ အသိဝင်လာတော့၏ ။

Force of LovityWhere stories live. Discover now