Part 12 [ Unicode ]

4.1K 315 0
                                    

'' မင်းရူးနေလား! ''

အပြောနဲ့အတူ မဟော့်ရင်အုပ်ကျယ်ကျယ်ကို ထိုလူ့လက်တွေနဲ့တွန်းဖယ်လာသည်။ မျက်နှာကနေ လည်ပင်းအထိရဲတတ်နေတဲ့ သျှင်းစက်တည်ပုံစံကြောင့် မဟော်မျက်ခုံးပင့်လိုက်သည်။ ဒီလူရှက်နေတာလား။

အတွေးနဲ့အတူခပ်စစပြုံးပြီး တိုးကပ်သွားလိုက်တော့ ထိုလူ့ကျောပြင်ကဆေးရုံနံရံနဲ့ ထိကပ်သွားတော့သည်။ ထိုအခါ မျက်စိရှေ့ကလူက စူးခနဲ ကြည့်လာပြီး

'' မင်း! မင်းဘာဖြစ်ချင်နေတာလဲ သိုင်းမြတ်မဟော်! ''

'' ခင်များယောကျာ်းလေ ''

'' တောက်! မင်းရိုင်းမလာနဲ့! ''

'' ကျုပ်ပြောတာ ရိုင်းတာပါသွားလို့လား ''

သျှင်းလက်နှစ်ဖက်ကိုချုပ်ကိုင်လိုက်တဲ့လူဆီကရုန်းထွက်လိုက်ပြီး စေ့စေ့စိုက်ကြည့်လိုက်သည်။ ဆေးရုံကော်ရစ်ဒါတစ်လျှောက်လူရှင်းနေပေမဲ့ အချိန်မရွေးလူထွက်လာနိုင်တာကြောင့် ဖရိုဖရဲ ဖြစ်နေတဲ့ အနေအထားကို အမြန်ပြင်လိုက်သည်။

'' ကလေးကလားတွေ လာလုပ်မနေနဲ့ သိုင်းမြတ်မဟော်။
မင်းရုတ်တရက်ကြီး ဘာထဖြစ်လဲ မသိပေမဲ့ ငါ့မှာမင်းနဲ့ကစားပေးဖို့ အချိန်တွေအားမနေဘူး။ ''

'' ကျစ် ကျုပ်ပြောတာ ဘယ်နေရာ ကလေးစကားပါလဲ?
အားလုံး လူကြီးစကားတွေချည်းပဲ ''

'' မင်း! ''

အရူးနဲ့ဖက်ပြောချင်စိတ်မရှိတော့တာမို့ တွန့်ကြေနေတဲ့ အိင်္ကျီကိုဆွဲပြင်လိုက်ပြီး ထွက်လာခဲ့သည်။ သျှင်းအနောက်ကနေ လိုက်လာတဲ့ ခြေသံခပ်ပြင်းပြင်းကိုကြားလိုက်ရပြီး လက်ကောက်ဝတ်ကနေ ဆွဲလှည့်ခံလိုက်ရပြန်သည်။

'' ကျုပ်ပြောလို့မပြီးသေးဘူး ''

'' ငါကတော့ပြောစရာမရှိဘူး! ''

'' သေခါနီး ခင်များအမေကို ဆေးကုမပေးချင်ဘူးလား သျှင်းစက်တည် ''

သူ့လက်ထဲကနေ ရုန်းထွက်ပြီး ခပ်ဝေးဝေးရောက်နေတဲ့ သျှင်းရဲ့ခြေလှမ်းတွေဟာ နောက်ပါးကနေ ကြားလိုက်ရသော စကားသံကြောင့် ရပ်တန့်သွားရသည်။

Force of LovityWhere stories live. Discover now