Part 6 [ Unicode ]

4.5K 315 2
                                    

'' သျှင်းစက်ရေ ''

သျှင်း အမေ့ကိုဆေးလိမ်းပေးနေရင်းမှ အိမ်ရှေ့ကနေ ကောင်းထက်ခေါ်သံကိုကြားလိုက်ရသည်။ အသံကျယ်သွားလို့ထင် ခုနကအိပ်ငိုက်နေတဲ့အမေကတောင် နိုးလာသည်။

'' ဧည့်သည်လာသလား သား ''

'' ဟုတ်အမေ ကောင်းထက်ထင်တယ် ''

'' အော် ကောင်းကောင်းလေးလား အိမ်ထဲအမြန်ခေါ်ချည် သွား ဒီကလေးနဲ့မတွေ့ရတာတောင်ကြာပြီ ''

အမေက ကောင်းထက်ကိုသားအရင်းလိုချစ်သူပီပီ အိမ်ထဲအတင်းခေါ်ခိုင်းနေတော့သည်။ သျှင်းလည်း ဆေးပေနေတဲ့လက်ကို သုတ်ကာ အိမ်ရှေ့သို့ထသွားရတော့သည်။ ဒီနေ့က အမွှာနှစ်ယောက် ကျောင်းဖွင့်ရက်မို့ အိမ်မှာမရှိကြ။

'' သျှင်းစက်ရေ ငါပါဟ တံခါးလာဖွင့်ဦး ''

'' လာပါပြီ အဖေရေ ခနလေး သော့ရှာနေတုန်းမလို့ ''

'' မြန်မြန်လုပ်ကွ ''

မနက်က တံခါးပိတ်အပြီး ဘယ်ထားခဲ့မိမှန်းမသိသော သော့ကို ကပြာကယာရှာနေရသည်။ တွေ့ပါပြီ၊ ချိတ်မှာချိတ်ထားတာ။ ခုနရှာတုန်းကကျမတွေ့တာ အံ့သြစရာ။

'' မြန်မြန်လုပ် သျှင်းစက် ငါရှူးပေါက်ချင်နေတာ ''

'' အေးအေးခန ''

အလျင်လိုမှ အနှေးဖြစ်ဆိုသကဲ့သို့ ခါတိုင်းတခါထဲနဲ့ ရနေကျသော့က ဒီနေ့မှဖွင့်မရ။ ၃ခါလောက်လှည့်ပြီးမှရသွားတော့သည်။ တံခါးပွင့်သည်နှင့် ကောင်းထက်က လေအလျင်လိုဝင်လာကာ အိမ်ပေါ်သို့ဝုန်းခနဲတတ်သွားတော့သည်။ စားအိမ်သောက်အိမ်လိုမျိုးဖြစ်နေတော့ အားနာစရာလည်းမလိုတော့။ သျှင်း ကောင်းထက်ပုံကိုရယ်လိုက်ပြီး တံခါးကိုပြန်ပိတ်လိုက်သည်။

အိမ်ထဲကိုဝင်လိုက်တော့ အမေကရင်ဘတ်လေးဖိပြီး လန့်နေပုံပေါက်တာမို့ သျှင်းထပ်ရယ်မိပြန်သည်။

'' ကောင်းထက်ကိုလန့်သွားတာလား အမေ ''

'' ဟုတ်ပါ့အေ ငါ့မှာနှုတ်ဆက်နေတုန်းရှိသေး ငါ့ကိုလက်ပြပြီး အုန်းခနဲနောက်ဖေးကိုပြေးသွားတာတော် လေယာဉ်တောင်သူ့လောက်မြန်မယ်မထင်ပေါင် ''

Force of LovityWhere stories live. Discover now