Part 13 [ Unicode ]

4K 295 4
                                    

ကောင်လေး ပစ္စည်းသိမ်းပြီးသည်အထိ စောင့်ပြီး နှစ်ယောက်သား Club အပြင်ကို ထွက်ခဲ့ကြသည်။ အပြင်ရောက်တော့ ကောင်လေးကပင် တက္ကစီတားလိုက်သည်။

'' ဒီလိပ်စာကိုမောင်းပေးပါ ဦးလေး ''

ကောင်လေးက သူ့အိတ်ထဲက ကတ်တစ်ကတ်ထုတ်ကာ ကားဆရာကိုပေးလိုက်သည်။ ထို့နောက် သျှင်းဘက်လှည့်ပြီး

'' ကျွန်တော့်နာမည် ထက်စိုးပါ ''

ဟု သူ့ကိုသူမိတ်ဆက်သည်။ သျှင်းခေါင်းငြိမ့်ပြလိုက်ပြီး သိချင်နေတာကို မေးရသည်။

'' ကိုမြတ်စိုးကအခုဘယ်မှာလဲ ''

'' အကိုက ကျွန်တော်နဲ့အတူမနေဘူး သူ့ဟာသူနေတာ ခင်များလာရှာခဲ့မှ သူ့ဆီလာခဲ့ပါဆိုပြီး ကျွန်တော့်ကိုသေချာမှာထားတာ ''

'' အော် ဒါနဲ့ သူစကားမပြောနိုင်တော့ဘူးဆိုတာက ''

သျှင်းမေးတော့ ထက်စိုးက မှိုင်ကျသွားကာ သက်ပြင်းချလိုက်သည်။

'' ကျွန်တော်တို့ရောက်ရင် သိမှာပါ ''

သျှင်းလည်း အတင်းမမေးတော့ပဲ တိတ်တိတ်ဆိတ်ဆိတ်သာ လိုက်ခဲ့တော့၏ ။ နာရီဝက်လောက်အကြာမှာတော့ မြို့စွန်တနေရာမှာ ကားရပ်လိုက်သည်။

မြို့စွန်ဖြစ်တာကြောင့် မျက်စိတစ်ဆုံး ကွင်းပြင်ကျယ်တွေနဲ့ သစ်ပင်တွေက နေရာယူထားသည်။ အိမ်တချို့ကို ကွက်ကြားကွက်ကြားတွေ့ရပြီး ခပ်လှမ်းလှမ်းမှာ စက်ရုံတွေကိုလှမ်းမြင်ရသည်။

ထို့နောက် ထက်စိုးဦးဆောင်ခေါ်သွားတဲ့နောက် လျှောက်လိုက်သည်။ ၅မိနစ်ခန့်လျှောက်အပြီးမှာတော့ သစ်ပင်တွေကြားထဲမှ ပျဉ်ထောင်အိမ်လေးတအိမ်ကို ရောက်လာခဲ့၏ ။ ခြံတံခါးကိုသော့ခတ်မထားတာကြောင့် ထက်စိုးက ဒီတိုင်းတွန်းဖွင့်ဝင်လိုက်သည်။

'' အကိုရေ ကျွန်တော်လာတယ် ''

ခနအကြာမှာတော့ အိမ်နောက်ဖေးကနေ လူတစ်ယောက်ထွက်လာသည်။ လက်နှစ်ဖက်မှာလည်း မြေကြီးတွေပေပွနေကာ ထိုလူ့အောက်ပိုင်းတခုလုံးရေတွေစိုရွှဲနေသည်။

'' ကိုမြတ်စိုး ''

'' အာ အာ အာ ''

ကိုမြတ်စိုးက လက်ဟန်ခြေဟန်နဲ့ လုပ်ပြတာကြောင့် သျှင်း ထက်စိုးကိုလှမ်းကြည့်လိုက်သည်။ ထက်စိုးက စိတ်မကောင်းဟန်နဲ့ သူ့အကိုမကြားအောင် လေသံကိုတိုးကာ

Force of LovityWhere stories live. Discover now