EXTRA - 1 [ Unicode ]

3.7K 245 33
                                    

မှန်တစ်ဖက်ကနေ မြင်နေရတဲ့ လူကိုကြည့်ပြီး မဟော့်စိတ်ထဲ ဗလာဟင်းလင်း။ မျက်နှာကလည်း အညိုအမဲစွဲနေပြီး ခုနလမ်းလျှောက်လာတုန်းက ခြေတစ်ဖက်က ထော့ကျိုး ၊ ထော့ကျိုးဖြစ်နေတာကြောင့် ခြေထောက်ကလည်းထိထားဟန်။ ဟိုးအရင်တုန်းက အရှိန်အဟုန် ကြီးလှတဲ့ ဦးရာဇမဟော်ရဲ့ ပုံရိပ်က ပျောက်ချင်းမလှပျောက်ကွယ်သွား၏ ။

'' အဟက် ၊ ဘာလဲ ။ ငါ့ရဲ့ကျရှုံးခန်းကို ကြည့်ပြီး လာအရသာခံတာလား ''

ဦးရာဇမဟော်ဆီက ထွက်လာတဲ့ ခနဲ့တဲ့တဲ့ လေသံအဆုံး မဟော်သက်ပြင်းအသာချလိုက်ကာ ထိုင်ခုံနောက်ကျောကိုမှီလိုက်သည်။ အခုထိ နောင်တရတဲ့ပုံ တစ်စက်မှ မရှိသေးတဲ့ ဒီလူ့ပုံရိပ်က အဆိပ်ထက်ပင်ဆိုးသည်။

'' ကျုပ်တစ်ခုမေးမယ် ''

မဟော်ဘာပြောပြော ဦးရာဇမဟော်ရဲ့ မျက်နှာထက်က ထီမထင်ဟန်ကပျောက်ကွယ်မသွား။

'' ကျုပ်က ခင်များရဲ့ မြေးအရင်းဆိုတာကို နည်းနည်းလေးတောင်သတိမရခဲ့ဘူးလား ''

'' အဟက် ဟားဟားဟား ''

ရုတ်တရက် အကျယ်ကြီးထရယ်လာသော ဦးရာဇမဟော်ကြောင့် ခပ်လှမ်းလှမ်းက ထောင်စောင့်တွေကပါ ဒီဘက်ကိုအာရုံစိုက်လာကြသည်။

အတန်ကြာသည်အထိ ရယ်ပြီးမှ ဦးရာဇမဟော်က အရှိန်သတ်ကာ မဟော့်ကို ခပ်မှိုင်းမှိုင်းမျက်လုံးတွေနဲ့ စိုက်ကြည့်လာသည်။

'' မင်းက ငါမလိုချင်တဲ့ ချွေးမကနေ မွေးလာတဲ့ ကလေးသက်သက်ပဲ သိုင်းမြတ်မဟော်။ ငါ့ဘဝမှာ အရေးပါခဲ့တာ လင်းမြတ်မဟော်ဆိုတဲ့ ငါ့သားတစ်ယောက်ပဲရှိတယ် ''

ဒီစကားတွေကို ကြိုတင်မှန်းထားပြီးသား ဖြစ်ပေမဲ့ တကယ်တမ်း ကြားလိုက်ရတဲ့အခါ ခံစားချက်ကမတူ။ တစ်မျိုးဖြစ်လာသော ခံစားချက်တွေကို လျစ်လျူရှူရင်း မဟော်မတ်တပ်ထရပ်လိုက်ကာ နောက်ဆုံးအကြိမ်အနေနဲ့ ဦးရာဇမဟော်ရဲ့ မျက်နှာကိုစိုက်ကြည့်လိုက်သည်။ သိချင်တဲ့ကိစ္စကို သိလိုက်ရပြီမလို့ ဒီလူကို နောက်ဘယ်တော့မှ လာမတွေ့ဖို့ ဆုံးဖြတ်လိုက်သည်။

'' ပြန်တော့မလို့လား၊ မင်းကောင်လေးရော မပါဘူးလား ''

မဟော်ဘာမှ ပြန်မဖြေတော့ပဲ အနောက်ကိုအလှည့် ကြားလိုက်ရတဲ့ စကားကြောင့် လက်သီးတွေကို တင်းခနဲဆုပ်လိုက်ကာ မှန်တစ်ဖက်ကလူကို ပြန်လှည့်ကြည့်လိုက်၏ ။

Force of LovityWhere stories live. Discover now