Part 40 [ Unicode]

4.6K 294 12
                                    

'' တစ်ခုခုကို Shock ရပြီး သတိမေ့သွားတာပါ။ မကြာခင် သတိရလာပါလိမ့်မယ် ''

'' ကျေးဇူးပါ ဒေါက်တာ ''

ဆရာဝန်ထွက်သွားတော့မှ မဟော် ကုတင်ဘေးက ခုံမှာဝင်ထိုင်လိုက်သည်။ ရုတ်တရက်ကြီး ချွေးစေးတွေပြန်ပြီး မေ့လဲသွားတဲ့လူကြောင့် သူဘယ်လောက်ထိ လန့်သွားခဲ့ရလဲ။ လက်မောင်းတွေထဲ ပြိုလဲကျလာတဲ့ ခန္ဓာကိုယ်လေးကို ပွေ့ပိုက်ထားပြီး စိုးရိမ်ပူပန်မှုတွေကြား သတိမကပ်တော့တဲ့မျက်နှာလေးကို ကြည့်ရင်း လှုပ်နိုးနေခဲ့မိသည်။

ဆေးရုံမှာ ဖြစ်တာကြောင့် ချက်ချင်းပဲ ဆရာဝန်တွေရောက်လာကာ စမ်းသပ်ပေးကြသည်။ အဘွားရဲ့ဘေးက အခန်းကို ယူထားလိုက်တာကြောင့် အဘွားရော သျှင်းစက်တည်ရောကို ကြည့်ရတာ အဆင်ပြေသွားသည်။

ဘယ်အရာကို မြင်ပြီး ဒီလောက်လန့်သွားခဲ့ရတာလဲ ။ ထိုအချိန်ကအခန်းထဲမှာရှိတာ မဟော်ရယ် အဘွားရယ်နဲ့ အိမ်တော်ထိန်းလင်မယားနှစ်ယောက်သာရှိသည်။ ကိုယ်နဲ့က နေ့တိုင်းထိတွေ့နေရတာမလို့ အခုမှ မြင်ပြီး လန့်စရာမရှိနိုင်၊ အဘွားကလည်း သတိမေ့နေဆဲ ။ ဖြစ်နိုင်ချေရှိတာ ကျန်တဲ့ အိမ်တော်ထိန်းလင်မယားသာရှိတော့သည်။ သူတစ်ပါးကို အသားလွတ်ကြီး သံသယမဝင်ချင်ပေမဲ့ အိမ်တော်ထိန်းကြီးသာ သျှင်းစက်တည်အပေါ် တစ်ခုခုလုပ်ခဲ့တာမျိုးဆိုရင် မဟော်လုံးဝ ခွင့်လွှတ်နိုင်မည်မဟုတ်။

ဦးရာဇမဟော်နဲ့ ဒေါ်မြစန်းကိုလည်း KOOL ဂိုဏ်းဘက်ကရော ၊ စုံထောက်တွေရော အပူတပြင်းလိုက်ရှာနေပေမဲ့ အခုထိဖမ်းမမိသေးတာကြောင့် သဲလွန်စကပြတ်နေ၏ ။

စောင်အောက်ရောက်နေသော လက်ကလေးတစ်ဖက်ကိုဆွဲယူလိုက်ပြီး ခပ်ဖွဖွနမ်းလိုက်၏ ။ ကျေးဇူးပြုပြီး မြန်မြန်သတိရလာပါတော့ မောင့်ရဲ့ သျှင်းစက်တည်။

'' သား ''

အသံကြားရာ လှည့်ကြည့်လိုက်တော့ အခန်းဝမှာ အမေက ဝှီးချဲပေါ်မှာထိုင်နေကာ အနောက်မှာရပ်နေတာက ချစ်စု။ ချစ်စုက အမေ့ကို မဟော့်ဘေးထိ တွန်းပေးခဲ့ကာ အလိုက်တသိပဲ အပြင်ကို ပြန်ထွက်သွား၏ ။

Force of LovityWhere stories live. Discover now