Part 44 [ Unicode ]

4.4K 283 36
                                    

'' အဟွတ် ၊ အဟွတ် ဟိုကောင်လေး ငါ့ကိုရေတိုက်စမ်းပါ ''

ဦးရာဇမဟော်ရဲ့အသံကို ကြားတာနဲ့ သီဟစိတ်ပျက်လက်ပျက်နဲ့ထကာ ရေအိုးထဲရေခပ်ပေးလိုက်သည်။ သူဘာကြောင့် သူရဲကောင်းလုပ်ပြီး ဒီအဘိုးကြီးကို ကယ်ခဲ့တယ်မသိ၊ KOOL ဂိုဏ်းကလူတွေဆီက လွတ်လာလာချင်း သွားစရာရှိခဲ့မယ်ထင်ခဲ့တာ၊ တကယ်ကျ ဦးရာဇမဟော်ဆိုတာ သူ့တပည့်တပန်းတွေမရှိရင် ဘာမှမစီစဉ်တတ်မှန်း သိလိုက်ရသည်။ အခု ဦးရာဇမဟော်ရဲ့တပည့်တွေ အားလုံးနီးပါးက အဖမ်းခံလိုက်ရပြီး မကြာခင်မှာပဲ သူ့နာမည်ပေါက်ထားတဲ့ စည်းစိမ်တွေအကုန်လုံးလည်း ပါသွားတော့မည်ဟု ခန့်မှန်းရ၏ ။

'' ဟူး စိတ်ညစ်လိုက်တာကွာ ''

မြို့ပြင်က အိမ်ပျက်တွေကြားထဲ ခိုးကြောင်ခိုးဝှက်နေနေရပြီး အကုန်သူတစ်ယောက်ထဲ သိမ်းကြုံးလုပ်နေရတဲ့ဘဝကို သီဟစိတ်ပျက်လာသည်။ အဲ့အစား ထောင်ထဲဝင်ပြီး အပြစ်ခံ ၊ ပြန်ထွက်လာတာမှ ကောင်းဦးမည်။ တကယ်ဆို သူ့အပြစ်က ဘာမှသိပ်ရှိမည်မဟုတ်၊ ဦးရာဇမဟော်ကို ကာကွယ်ပေးရတဲ့ အဖွဲ့သားလေးသာဖြစ်သည်။ အခုလို ပြေးနေမယ့်အစား သူတာဝန်သိသိနဲ့ သတင်းပေးလိုက်ဦးမည်ဆိုလျှင် သူ့ခံရမယ့် ပြစ်ဒဏ်ဟာ ပိုတောင်လျော့ချင်လျော့သွားဦးမယ်။

အတွေးနဲ့အတူ သီဟ ထိုင်နေရာမှ ထကာ အရိပ်အခြည်ကြည့်ပြီး ပြေးထွက်ခဲ့သည်။

............................

'' အကိုကြီး ''

'' မြစန်း ၊ လာ ''

ဦးရာဇမဟော် ထိုင်နေတဲ့ အုတ်ပုံကြားထဲ ဒေါ်မြစန်းက ဘေးကပ်ထိုင်လိုက်သည်။ တအိမ်လုံး ဖုန်တွေ ၊ အကောင်ဗလောင်တွေနဲ့ ပြည့်နေကာ စုတ်ပြတ်သက်နေ၏ ။

'' ဟိုကောင်လေး ၊ ခုနကပဲ ရှိသေးတယ် ၊ အိမ်သာသွားသလားမသိဘူး ၊ သူလာရင် ရေခပ်ခိုင်းပေးမယ် ''

'' ရပါတယ် အကိုကြီး၊ ကျွန်မဘာသာ ခပ်လိုက်ပါ့မယ် ''

ဒေါ်မြစန်း ဘေးတိုက်မြင်နေရသော ဦးရာဇမဟော်ကို ကြည့်ပြီး သက်ပြင်းခိုးချလိုက်သည်။ ဒီရက်တွေအတွင်း ပင်ပန်းဆင်းရဲလွန်းလို့ သူမ မနေနိုင်သည့်အဆုံး သွားပြီး အပြစ်ဝန်ခံရအောင်ပြောလည်း အကိုကြီးက တုပ်တုပ်မှမလှုပ်။ ခေါင်းခါကာ သူ့တပည့်တွေ လာခေါ်မှာလို့ပဲ တတွင်တွင်ပြောသည်။ မာနကြီးကာ မာန်ကိုမချတဲ့အကိုကြီး ၊ အခုတော့ အိမ်သာတတ်ဖို့ကိုတောင် ဘိုထိုင်မရှိလို့ အခက်တွေ့နေရတဲ့ဘဝ ။ ပထမဆုံးအကြိမ်အနေနဲ့ သူမဘဝကို ဒီလိုမျိုးရှင်သန်ခဲ့တာ နောင်တရမိ၏ ။

Force of LovityWhere stories live. Discover now