Part 8 [ Unicode ]

4.3K 320 7
                                    

'' ဘယ်သွားမှာလဲ ''

'' သာကေတမှာရှိတဲ့ Cheese Smile Internet Cafe ဟို  ငါလည်းခုမှသွားရမှာဆိုတော့ သိပ်တော့မသိဘူး ''

သျှင်းပြောတော့ သိုင်းမြတ်မဟော်ကဘာမှပြန်မပြောပဲ ခေါင်းတချက်ဆတ်ပြသည်။ ကားမောင်းနေတဲ့သူဆိုတော့ နေရာတွေကိုသိပုံရသည်။ သိုင်းမြတ်မဟော်က အနောက်တိုင်းဝတ်စုံဝတ်ထားပြီး အပေါ်ကုတ်ကို ထိုင်ခုံနောက်မှီမှာတင်ထားသည်။ ရင်ဘတ်ကကြယ်သီးအချို့ကို ဖြုတ်ထားတာမလို့ ရင်အုပ်ကျယ်ကြီးကအထင်းသား၊ tattoo တချို့ကိုလည်းတစွန်းတစ တွေ့လိုက်ရသေး၏ ။

'' မင်းကရော ဘယ်သွားမလို့လဲ ''

'' အိမ်ပြန်မလို့ ''

ခပ်ပြတ်ပြတ်အဖြေကိုကြားတော့ သျှင်းအံ့သြသွားရသည်။ မဟုတ်မှ မနေ့ညကထဲက အိမ်မပြန်ပဲ အခုမှပြန်ရတာများလား။ သျှင်းကိုယ့်ဟာကိုတွေးမိပြီး သနားသွားသည်။ နိုင်ငံတော်အဆင့် အခမ်းအနားတွေက ညလုံးပေါက်ပုံရသည်။

'' မနေ့ညက ငါမင်းကို TV မှာတွေ့လိုက်တယ် အဲ့ပွဲက ပြန်လာတာလား  ''

သိုင်းမြတ်မဟော်က သျှင်းဘက်ကိုတချက်လှည့်ကြည့်ပြီးမှ ခေါင်းငြိမ့်ပြလာသည်။ ထို့နောက် တဖန်ပြန်လည်အေးစက်သွားသော ကားအတွင်းက လေထု။ သျှင်းလည်းဘာဆက်ပြောရမှန်းမသိတာမို့ ငြိမ်နေလိုက်၏ ။

'' interview ဖြေဖို့လား ''

သျှင်းလက်ထဲက file ကိုမေးငေါ့ပြပြီးမေးလာတာမို့ ခေါင်းငြိမ့်ပြလိုက်သည်။ ထိုအခါ သိုင်းမြတ်မဟော်က နှုတ်ခမ်းတဖက်ထဲအပေါ်တတ်အောင်ပြုံးပြီး

''အဟက် ကျုပ်ကြောင့် အလုပ်သစ်ထပ်ရှာနေရတယ်ထင်တယ် ဟုတ်လား ''

သူ့ကြောင့်အလုပ်ပြုတ်သွားတာကို ခပ်လှောင်လှောင်ပုံစံနဲ့မေးလာတာမို့ သျှင်းစိတ်တိုသွားရသည်။ တကယ်ဆို သျှင်းအမှားလည်းအရမ်းမရှိပါပဲ အာဏာသုံးပြီး အလုပ်ဖြုတ်ပစ်တာ ဘယ်သူလဲ! သျှင်းစိတ်ကိုတင်းပြီး ပြန်ပြောလိုက်သည်။

'' သိရင်ပြီးတာပဲ ''

ခပ်ဆတ်ဆတ်လေသံနဲ့ ပြန်ဖြေလာတဲ့ ဘေးကလူကြောင့် မဟော်ရယ်ချင်သွားသည်။ အဲ့တုန်းက ကိစ္စကိုသူ့မှာအခဲကြေပုံမရ၊ အင်း အခဲမကြေလည်းမကြေချင်စရာပါပဲ။ သိုင်းမြတ်မဟော်ရဲ့ တခုခုကိုစိတ်လိုက်မာန်ပါ လုပ်တတ်တဲ့ အကျင့်ကိုက မွေးရာပါ ဖြစ်နေတာ မတတ်နိုင်။

Force of LovityWhere stories live. Discover now