Part 32 [ Zawgyi]

1.2K 30 2
                                    

မဟော် ထမင်းကို အနည်းငယ်မျှသာ စားပြီး ဇွန်းနဲ့ခက်ရင်းကိုမှောက်လိုက်သည်။ အခုတလော ဘာစားစား အရသာမရှိတော့တာ ဘာကြောင့်ရယ်မသိ ။ အိမ်စေတစ်ယောက်က သူ့ရှေ့ကထမင်းပန်ကန်ကို လာသိမ်းသွားပြီး အချိုပွဲလာချသွားသည်။

'' ထမင်းအများကြီးလည်း မစားဘူး ၊ စားမကောင်းလို့လား မြေး။ ဘာစားချင်လဲပြောလေ ဘွားကိုယ်တိုင်ချက်ပေးမယ် ''

'' နေပါစေ ၊ ကျွန်တော်စားလို့ အဆင်ပြေပါတယ် ''

စိတ်မကောင်းဖြစ်နေပုံရသော ဘွားကို ပြန်ပြုံးပြလိုက်ရင်း စိတ်ကျေနပ်သွားအောင် ပူတင်းတစ်တုံးကို ခက်ရင်းနဲ့ထိုးစားလိုက်သည်။ ပြီးနောက် ဖျော်ရည်ကို တစ်ငုံမျှသာ သောက်လိုက်ပြီး စားသောက်ခြင်းအမှုကို လက်စသတ်လိုက်သည်။

'' ကျွန်တော်ပြောစရာရှိတယ် ''

မဟော်ပြောလိုက်တော့ ကော်ဖီသောက်နေတဲ့ ဦးရာဇမဟော်ကမျက်ခုံးပင့်ကြည့်လာသည်။ ဦး,ဦးစီးမဟော်က​တော့ သူ့ပေါင်ပေါ်က လင်းမြတ်မဟော်ကို အနောက်မှာရပ်နေတဲ့ ဒေါ်မြစန်းဆီ ကမ်းပေးလိုက်သည်။

'' ပြောလေ သား ''

'' ကျွန်တော် မနက်ဖြန်ကစပြီး HOR မှာ အလုပ်ဝင်မယ်! ''

'' တကယ်လား သား! ''

ဦး,ဦးစီးမဟော်မျက်နှာက ပြုံးတတ်သွားကာ လေသံမှာလည်း ဝမ်းသာအားရမှုတွေထင်ဟပ်နေသည်။ သားဖြစ်သူကို HOR လုပ်ငန်းစုမှာ အလုပ်ဝင်စေချင်တဲ့ ဆန္ဒလေးအခုတော့ ပြည့်မြောက်သွားပြီ။ သားကဘယ်လိုဆုံးဖြတ်ချက်မျိုးနဲ့ ဒီလိုလုပ်လိုက်လဲမသိပေမဲ့ သူကတော့ သားကို လုပ်ငန်းဆက်ခံမှုတွေ သင်ပေးဖို့ အသင့်ဖြစ်နေပြီ ဖြစ်၏ ။

လူနှစ်​ယောက်က ပြုံးနေကြပေမဲ့ ဟန်မဆောင်နိုင်လောက်အောင် မျက်နှာပျက်ယွင်းနေကြတဲ့ ကျန်နှစ်ယောက်ကို မဟော်အကဲခတ်ကြည့်လိုက်ပြီး နှုတ်ခမ်းတွန့်ရုံမျှ ပြုံးလိုက်သည်။ ဒီလောက်လွှတ်ပေးထားတာ တော်ရောပေါ့ ။

'' ကောင်းပြီ ၊ သားနောက်အပတ်ကစပြီး အလုပ်ဝင်လို့ရအောင် အဖေအကုန်စီစဉ်ပေးထားမယ် ၊ ဒီအပတ်ကိုတော့ လုပ်ငန်းခွင်နဲ့ရင်းနှီးအောင် အဖေနဲ့ လိုက်ပြီး အကဲခတ်ပေါ့ ''

Force of LovityWhere stories live. Discover now