Part 5 [ Unicode ]

4.4K 353 0
                                    

'' မဟော် ဘယ်သူလဲအဲ့ဒါ ''

မျက်လုံးပြူး မျက်ဆံပြူးနဲ့မေးလာတဲ့ ထည်ဝါ့အမေးကိုမဖြေသေးပဲ လက်ကနေဆွဲလာတဲ့သူကိုကြည့်လိုက်သည်။ မျက်နှာတစ်ခုလုံးနီရဲနေကာ နှုတ်ခမ်းကိုပေါက်ထွက်မတတ် ကိုက်ထားပြီး ဒေါသထွက်နေပုံက ကြည့်လို့တော့ကောင်းသည်။

'' အင့် ငါ့ကိုလွှတ်ပေး နာနေပြီ ''

ကိုင်ထားတဲ့လက်ကောက်ဝတ်ကိုရုန်းရင်းပြောလာသည်။ မဟော်ကြည့်လိုက်မိတော့ နီရဲနေတဲ့ ထိုလူ့လက်ကောက်ဝတ်ကြောင့်လန့်သွားမိသည်။ သူကိုင်လိုက်တာ သာသာလေးပါ။ ဘယ်လိုဖြစ်လို့ ဒီလောက် နီရဲသွားတာလဲ။

ကျစ်ခနဲစုတ်သတ်လိုက်ပြီး လွှတ်ပေးလိုက်တော့ သူ့လက်ကောက်ဝတ်ကိုသူကိုင်ကာ တရှုံ့ရှုံံဖြစ်နေပုံက ဒဏ်ရာရထားတဲ့ကြောင်ပေါက်စလေးလို။

'' မဟော် ဟေ့ကောင် ဘယ်က ကောင်လေးကိုခေါ်လာတာလဲ ''

နေမင်းရဲ့အမေးမှာ ထိုလူ့ခန္ဓာကိုယ်လေးက ဆတ်ခနဲတွန့်သွားပြီး ပိုကျုံ့သွားသယောင်။ မေးခွန်းတွေနဲ့ကြည့်နေတဲ့ နေမင်းနဲ့ထည်ဝါကြောင့် မဟော်ဖြေပေးလိုက်သည်။

'' သူ့ကို ငါ့ကားမောင်းခိုင်းမလို့ မင်းကလည်း ထည်ဝါ့ကိုလိုက်ပို့ရမှာမလား ''

'' ဟမ် မင်းကဘာဖြစ်လို့လဲ ဒဏ်ရာရထားသေးတာလား ''

မဟော်ကားကိုမှီရပ်လိုက်ကာ ဝတ်ထားတဲ့ ရှူးဖိနပ်ကိုချွတ်လိုက်သည်။ ကျန်နေတဲ့ခြေအိတ်ကိုပါ ချွတ်လိုက်အပြီးမှတော့ ထင်သည့်အတိုင်း ရောင်ရမ်းနေသော ခြေကျင်းဝတ်။

မိုးတိမ်ဘက်က ကောင်က တော်တော်လေး skill ရှိတာမို့ သူ့ကို မိုးတိမ်ထက်ပိုပြီး အာရုံစိုက်ခဲ့သည်။ ပန်းတိုင်ဝင်ခါနီး မဟော်ကားမောင်းတာကို အာရုံစိုက်လိုက်မိလို့ ဘေးဘီကို သတိလက်လွတ်ဖြစ်သွားတုန်း ထိုကောင်ကဘာစိတ်ကူးပေါက်သည်မသိ မဟော့်ကားကိုဖြတ်တိုက်သည်။ ကားကိုအရှိန်နဲ့ဝင်ဆောင့်ခံလိုက်ရသည်မို့ ထောက်ထားသည့် ခြေထောက်ကို ပိုဖိလိုက်သလိုဖြစ်သွားသည်။ ထိသွားမှန်းသိပေမဲ့ သေချာအာရုံမစိုက်မိဘဲ ကားကိုပြန်မောင်းလိုက်သည်။သွေးပူနေတုန်းမို့ နာရကောင်းမှန်းမသိခဲ့တာလည်း ဖြစ်မည်။

Force of LovityWhere stories live. Discover now