Final [ Unicode ]

5.8K 300 49
                                    

'' မြန်မြန် သတိရလာတော့နော် အဘွား ၊ အဘွားမြေး ကျွန်တော့်မောင်က လွမ်းနေရှာပြီ ''

သျှင်း အဘွားရဲ့လက်ကလေးတွေကို ရေပတ်တိုက်ပြီးသေချာသန့်ရှင်းပေးနေမိသည်။ နှစ်လကျော်ကြာတဲ့ထိ သတိမေ့နေတဲ့အဘွားကြောင့် အကုန်လုံးစိတ်ပူလာရသည်။ မောင်ကိုယ်တိုင်ကလည်း ထုတ်မပြောပြပေမဲ့ မည်မျှထိ စိတ်ပူနေမယ်မှန်း သျှင်းနားလည်ပါသည်။

ထို့ကြောင့် ဒီနေ့နားရက်မှာ အဘွားကိုသေချာအချိန်ပေးဖြစ်သည်။ အဘွားမေ့လဲသွားသည့် အကြောင်းအရင်းလို့ယူဆရသည့် ကိစ္စကို မောင်ထုတ်ပြောပြတော့ သျှင်းအလွန်အံ့သြခဲ့ရသည်။ တချိန်ထဲမှာပဲ ဒီကိစ္စတွေကို လင်းမြတ်မဟော်လေးသိသွားရင် မည်မျှစိတ်ထိခိုက်သွားလိမ့်မလဲဆိုပြီး တွေးပူနေရ၏ ။

အကုန်ပြီးစီးသွားသောအခါ သျှင်းရေပတ်အဝတ်စကိုယူပြီး ရေဇလုံထဲထည့်လိုက်သည်။ ထို့နောက် ရေတွေကိုသွန်ရန် သန့်စင်ခန်းကိုထွက်လာခဲ့လိုက်၏ ။

'' အင်း ဟင်း ''

သန့်စင်ခန်းထဲ မဝင်ခင် ကြားလိုက်ရသော ညည်းသံသဲ့သဲ့ကြောင့် သျှင်းအလန့်တကြားနဲ့ ရေဇလုံကြီးကို အမြန်ချလိုက်ကာ အဘွားဆီပြေးသွားလိုက်သည်။

'' အဘွား ! ''

ချက်ချင်း ကုတင်ခေါင်းရင်းကခလုတ်ကိုနှိပ်လိုက်ပြီး သျှင်းရင်တထိတ်ထိတ်နဲ့ရပ်နေမိသည်။ ခနအကြာမှာတော့ ဆရာဝန်တွေပြေးဝင်လာတာကြောင့် သျှင်းအခန်းထောင့်နားကို ရှောင်သွားလိုက်ကာ မောင့်ဆီဖုန်းဆက်လိုက်သည်။

'' မောင် ၊ အဘွား အဘွား သတိရလာပြီ ဟင့် ''

မောင့်ကိုပြောပြရင်းနဲ့ ဝမ်းသာလွန်းလို့ ငိုချင်လာတဲ့စိတ်ကထိန်းမရ ။ တဖက်က မောင်ကလည်း အခုချက်ချင်းလာခဲ့မည်ဟု အလောတကြီးပြောသွားကာ ဖုန်းချသွား၏ ။ အခုမှ လူနာစောင့်လာကြသော အဘွားညီမ မိသားစုကလည်း ကပြာကယာ ပြေးလာကြသည်။

'' မမ သတိရလာတာလားဟင် ''

'' ဟုတ်ကဲ့ အန်တီ ၊ အဘွား သတိရလာပြီ ! ''

'' အမလေး ငါ့အစ်မ ၊ နောက်ဆုံးတော့ ပြန်ရောက်လာခဲ့ပြီပေါ့ အီးဟီး ''

Force of LovityWhere stories live. Discover now