Part 14 [ Unicode]

4K 313 6
                                    

မနက်စာစားဖို့ ထမင်းဝိုင်းမှာစောင့်နေကြတုန်း လှေကားပေါ်ကဆင်းလာတဲ့ မြေးဖြစ်သူကိုကြည့်ရင်း ဦးရာဇမဟော် မျက်ခုံးတို့တွန့်ချိုးသွားသည်။ တစ်ကိုယ်လုံး အနက်ရောင်တွေ ဝတ်ဆင်ထားရုံသာမက နားမှာလည်းနားသံသီးတွေနဲ့ ဦးရာဇမဟော် မျက်စိထဲတော့ တကယ်ကန့်လန့်။ သူ့ကိုစိုက်ကြည့်နေတာကိုမြင်သွားလို့ထင် သိုင်းမြတ်မဟော်က ဦးရာဇမဟော်ကို ခပ်ရွဲ့ရွဲ့ပြုံးပြလာသည်။

ဦးရာဇမဟော် ကြည့်နေတာကို မြင်သွားတဲ့ ဒေါ်ရွှေစည်းအိမ်က
ဝင်ပြောလိုက်သည်။

'' မြေးဆင်းလာပြီလား လာ ထိုင် ''

အစကမစားတော့ဘူးလုပ်နေပေမဲ့ အဘွားကခေါ်နေတာကြောင့် မတတ်သာပဲ ဝင်ထိုင်လိုက်ရသည်။ ထိုစဉ် ဦးရာဇမဟော် ပေါင်ပေါ်ထိုင်နေတဲ့ လင်းမြတ်မဟော်လေးက ရုတ်တရက် ပြေးဆင်းသွားသည်။

'' ကိုကြီး ''

မဟော်ထိုင်နေတဲ့နားရောက်လာကာ ခြေသလုံးကိုဖက်တွယ်ထားတဲ့ ကလေးစုတ်ကြောင့် စိတ်ရှုပ်စွာနဲ့ စုတ်သပ်လိုက်သည်။

'' ကျစ် ကိုယ့်ကလေးကိုယ် နိုင်အောင် မထိန်းနိုင်ကြဘူးလား ရှုပ်ကိုရှုပ်တယ် ''

သူ့အကို ဘယ်လောက်အော်အော် လင်းမြတ်မဟော်က သိုင်းမြတ်မဟော် ရဲ့ခြေထောက်ကိုဖက်တွယ်ထားဆဲပင်။ အနောက်မှာ ရပ်နေတဲ့ ဒေါ်မြမြစန်းက ကလေးကို သွားခေါ်ဖို့ ထိုင်ခုံမှထမယ်အလုပ် ဦးရာဇမဟော်ရဲ့အသံက ဟိန်းထွက်လာသည်။

'' အဲ့ကလေးက မင်းညီနော် သိုင်းမြတ်မဟော် မင်းမှာ အကိုစိတ်ဓာတ်ကလေး နည်းနည်းမှမရှိဘူးလား ''

'' အဟင်း အဲ့ဒါဆို ဦးရာဇမဟော်ကရော အဘိုးစိတ်ဓာတ်ရှိခဲ့လို့လား ''

'' သား! မင်းအဘိုးကိုဘယ်လိုပြောလိုက်တာလဲ ''

ဦး, ဦးစီးမဟော်ကမနေနိုင်စွာနဲ့ သူ့သားကိုဝင်တားလိုက်ရသည်။ မိမိအဖေဖြစ်သူမကောင်းမှန်းသိပေမဲ့ သူ့သားကို ရိုင်းတဲ့သူမဖြစ်စေချင်တာကြောင့် ဖြစ်သည်။

မဟော် အဖေဖြစ်သူကိုတချက်ကြည့်လိုက်ပြီး လက်ကလည်း ဟိုကလေးကိုဆွဲခွာပစ်လိုက်တော့ ငိုမဲ့မဲ့နဲ့ သူ့အမေလက်ပေါ်ပါသွားသည်။

Force of LovityWhere stories live. Discover now