Part 36 [ Unicode ]

4K 267 12
                                    

ခပ်လှမ်းလှမ်းကနေ ပြေးလာနေသည့် သားကို မြင်လိုက်ရတာကြောင့် ဦး,ဦးစီးမဟော်ထိုင်နေရာမှ မတ်တပ်ရပ်လိုက်သည်။ တဖြည်းဖြည်းနီးလာမှ သားခေါင်းက ပက်တီးဖြူဖြူကို မြင်လိုက်ရတော့ စိုးရိမ်သွားရသည်။

'' သား ၊ မင်းခေါင်းက - ''

'' အဘွား အခြေအနေရော! ''

'' အခု ICU ထဲမှာ သား ''

'' မင်္ဂလာပါ ဦးလေး ''

'' အော် အေး မောင်နေမင်းပါ ပါလာတာလား ၊ ထိုင်လေ သား ''

လူနာရှင်တွေ စောင့်ဖို့လုပ်ပေးထားတဲ့ ခုံတန်းလေးမှာထိုင်ရင်း မဟော်လက်ဖဝါးနှစ်ဖက်ထဲ မျက်နှာအပ်လိုက်သည်။ ကိုယ့်နှလုံးခုန်သံကိုယ် ပြန်ကြားနေရသည်အထိ မောဟိုက်မှုကိုလည်း ခံစားနေရ၏ ။ ဘွားသာ တစ်ခုခုဖြစ်သွားရင် ဆိုတဲ့အတွေးက ရင်ဘတ်တစ်ခုလုံးကို တဆစ်ဆစ်နာစေ၏ ။

'' သား မင်းမှာ ဒဏ်ရာတွေအများကြီးပဲ ၊ ဆေးသွားထည့်လိုက်ပါလား ''

ခေါင်းငုံ့နေရာမှ မော့ကြည့်လိုက်တော့ ဦး,ဦးစီးမဟော်ဆီက စိုးရိမ်မှုတွေနဲ့ပြည့်နှက်နေတဲ့ မျက်ဝန်းတွေကို ရင်ဆိုင်လိုက်ရတာကြောင့် မဟော့်စိတ်ထဲ တစ်မျိုုးဖြစ်သွားရသည်။ ထိုခံစားမှုကိုတော့ ဘာရယ်လို့ အမည်မတပ်တတ်ပေမဲ့ ထူးထူးခြားခြား ခံစားလိုက်သည် ။

'' ရတယ် ၊ ဘွားအခြေအနေ သိရမှ သွားလုပ်လိုက်မယ် ''

သားဖြစ်သူရဲ့ ခေါင်းမာမှုကို သိထားတဲ့ ဦး,ဦးစီးမဟော်ဆက်မပြောတော့ပဲ ခေါင်းငြိမ့်ကာ ခုံပေါ်ပြန်ထိုင်လိုက်သည်။ ဘေးနားက ဒေါ်မြစန်းက ဦး,ဦးစီးမဟော်ရဲ့လက်တို့ကို ခပ်ဖွဖွဆုပ်ကိုင်ပြီးအားပေးလာတာကြောင့် ခပ်ဖျော့ဖျော့ပြုံးပြလိုက်သည်။

ဦးရာဇမဟော်ကတော့ အလွန်အမင်းကို စိတ်ပူနေတဲ့ပုံစံမျိုးနဲ့ ဘယ်သူ့ကိုမှ အာရုံမစိုက်နိုင်ပဲ အခန်းရှေ့ ခေါက်တုံ့ခေါက်ပြန်လျှောက်နေသည်။ အများအမြင်မှာ ဇနီးသည်ကို စိတ်ပူနေတဲ့ ခင်ပွန်းသည်တစ်ယောက်ရဲ့ ပုံစံဖြစ်နေပေမဲ့ တကယ်တမ်း ထိုသို့ဟုတ်သည် မဟုတ်သည်ကိုတော့ သူကိုယ်တိုင်သာသိလိမ့်မည်။

Force of LovityWhere stories live. Discover now