Part 17 [ Unicode ]

4K 308 9
                                    

ခြံဝင်းထဲသို့ လူတစ်ယောက်ဝင်လာသောအခါ တိုင်ပင်စရာမလိုပဲ အားလုံးတပြိုင်နက်ထဲ လှည့်ကြည့်လိုက်ကြ၏ ။ သို့သော် ထိုလူရဲ့စူးရဲတဲ့ အကြည့်တွေကိုမခံနိုင်တာကြောင့် ရဲရဲတင်းတင်းတော့မကြည့်ရဲကြ။ ထိုလူ့ဘေးမှာ ပါလာတဲ့ အမျိုးသားကိုလည်းလှမ်းပြီးအကဲခတ်လိုက်ကြသည်။ နှစ်ယောက်သားဝတ်ထားတဲ့ ဝတ်စုံတွေက ဆန့်ကျင်ဘက်ဖြစ်နေပေမဲ့ ယှဉ်ရပ်လိုက်တော့လည်းကြည့်ကောင်းနေသလို။

အပေါင်းအဖော်တွေနဲ့ ရယ်မောနေတဲ့ ဦးရာဇမဟော်ကို သူ့ဘေးက အစောင့်က အနားကပ်ကာ ခပ်တိုးတိုးပြောလိုက်သည်။ ထိုအခါမှ ဦးရာဇမဟော်က စကားပြောနေရာမှရပ်လိုက်ကာ ဝင်ပေါက်ဘက်သို့လှည့်လိုက်၏ ။ ဝင်လာတဲ့မြေးဖြစ်သူနဲ့ ဘေးနားကတစ်ယောက်ကိုတွေ့တော့ ဦးရာဇမဟော်ရဲ့မျက်နှာထက် အလိုမကျမှုတွေ ဖြစ်ပေါ်သွားပေမဲ့ လူကြားထဲမှာမို့ မျက်နှာထားကို အမြန်ပြင်လိုက်သည်။

'' မြေး ရောက်လာပြီလား ၊ ဘယ်သူ့ကိုခေါ်လာတာလဲကွာ၊ အမျိုးတွေပဲ ဆုံစရာရှိတဲ့ပွဲကို၊ ဟင်းဟင်း ''

တုတ်ကောက်တစ်ချောင်းထောက်လျက် သျှင်းတို့ဆီကိုလျှောက်လာတဲ့ အဘိုးအိုက ပြုံးနေပေမဲ့ မျက်လုံးထဲက အလိုမကျမှုတွေကိုခံစားလိုက်ရတာကြောင့် သျှင်းလန့်ပြီး သိုင်းမြတ်မဟော်ရဲ့လက်ကိုပိုတင်း၍ ဆုပ်ကိုင်လိုက်သည်။

'' ကျွန်တော့်မိတ်ဆွေကို ခေါ်လာတာပါ၊ အဘိုးလို စိတ်သဘောထားကြီးတဲ့သူက အနှောင့်အယှက်မဖြစ်ဘူးလို့ထင်ပါတယ်၊ ''

သိုင်းမြတ်မဟော်ကလည်း အားကျမခံ သူ့အဘိုးလို ပြုံးပြီးပြန်ပြောလိုက်ပေမဲ့ သူ့စကားထဲမှာလည်း တင်းမာမှူတွေရှိနေပြန်သည်။ တခြားသူတွေကတော့ မြေးအဘိုးနှစ်ယောက် ချစ်ချစ်ခင်ခင် စကားပြောနေကြတယ်လို့ မြင်မလားမသိပေမဲ့ သူတို့နှစ်ယောက်နားမှာရှိနေတဲ့ သျှင်းကတော့ အငွေ့ပျံမတတ် ခံစားနေရသည်။

'' ဒါပေါ့ ဒါပေါ့၊ လာ သားလေးလာ ၊ ဒီနားမှာထိုင် ''

ထိုအဘိုးနေရာချပေးတဲ့ဝိုင်းမှာ သျှင်းနဲ့သိုင်းမြတ်မဟော် အတူတူဝင်ထိုင်လိုက်ကြသည်။ သျှင်းတို့ထိုင်လိုက်မှ အခုနက တိတ်ဆိတ်နေတဲ့လူအုပ်ကြီးက ပြန်လည်အသက်ဝင်လာပြီး သူ့အာရုံနဲ့သူ ပြန်ဖြစ်သွားကြသည်။ သျှင်းနဲ့မျက်နှာချင်းဆိုင်မှာ ထိုင်နေတဲ့ ဦးလေးကြီးက သျှင်းကိုတချက်ပြုံးပြကာ သိုင်းမြတ်မဟော်ဘက်ကိုကြည့်ပြီး

Force of LovityWhere stories live. Discover now