Part 23 [ Unicode ]

4K 310 8
                                    

'' တောက် ! ''

မဟော်စိတ်အလိုမကျစွာနဲ့ တောက်ခေါက်လိုက်ကာ လက်ထဲက စတီယာတိုင်ပေါ်ကိုတင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပစ်လိုက်သည်။သျှင်းစက်တည်ရဲ့  ငါလိုလူ ဆိုတဲ့စကားကို ကြားကြားချင်း မဟော်ဒေါသတွေထိုးတတ်လာတာ ကိုယ့်ကိုကိုယ်တောင် နားမလည်နိုင်။ ခင်များက ဘာဖြစ်နေလို့လဲ၊ ဘယ်နေရာတွေချို့ယွင်းနေလို့လဲဆိုပြီး ထိုလူ့ပုခုံးနှစ်ဖက်ကို လှုပ်ယမ်းကာ မေးပစ်လိုက်ချင်သည်။

မဟော်ပြောလိုက်တဲ့ စကားအပြီးမှာ မျက်နှာလေးငယ်သွားတာကို မြင်လိုက်ပေမဲ့ ပြန်ပြီး ပြေပြေလည်လည်စကားမပြောမိ။ မဟော် စိတ်တို၊ စိတ်ရှုပ်နေတဲ့အချိန် စကားပြောမိရင် ပိုပြီးစကားတွေလွန်တတ်သည်။ ထို့ကြောင့် စိတ်ရှုပ်ပြီဆို တစ်ယောက်ထဲနေပြီး အချိန်ယူတာကများ၏ ။

Showroom ထဲရောက်တော အကိုတေဇက သူလာတာကိုမမြင်။ ကားတစ်စီးနားမှာ ဝန်ထမ်းနှစ်ယောက်လောက်နဲ့အလုပ်ရှုပ်နေသည်။

ထို့ကြောင့် ရုံးခန်းထဲအရင်ဝင်လာလိုက်ကာ ဒီလအတွက် စစ်ရမယ့်စာရင်းတွေကို ကြည့်နေလိုက်သည်။

- ဒေါက် ဒေါက်

'' ဝင်လာခဲ့ပါ ''

'' Boss ရောက်နေတာ ကျွန်တော်မသိလိုက်ဘူး၊ တောင်းပန်ပါတယ် ''

'' မလိုဘူး ရတယ် ၊ ကျွန်တော်လည်း စစ်စရာရှိတာတွေစစ်ပြီး ပြန်မှာ၊ အကိုတေဇ လုပ်စရာရှိတာသာ သွားလုပ်ပါ ''

'' ဟုတ်ကဲ့၊ အဲ့ဒါဆို လိုတာရှိရင်ခေါ်လိုက်ပါ Boss ''

မဟော် ခေါင်းငြိမ့်ပြလိုက်တော့ အကိုတေဇက အခန်းပြင်ထွက်သွားသည်။ ကြည့်နေတဲ့ စာရင်းတွေကိုလည်း ဘယ်လိုမှ အာရုံမရတာကြောင့် ဖိုင်တွဲတွေကို ဝုန်းခနဲ ပိတ်ချပစ်လိုက်သည်။

'' အာရုံပဲ! ''

ချက်ချင်းပဲ ဖုန်းကိုထုတ်ကာ ရည်ရွယ်ရာနံပါတ်ဆီသို့ စာတစ်စောင်အမြန်ပို့လိုက်သည်။ ထို့နောက် ဖုန်းကို စားပွဲပေါ်ပစ်တင်လိုက်သည်။ ဒီလူနဲ့ကျမှ သူလည်းမလုပ်ဖူးတာတွေလုပ်လို့။ ထိုးကိုက်လာတဲ့ မျက်ရိုးတွေကို နာနာဖိနှိပ်ရင်း တင်းကြပ်နေတဲ့ စိတ်ကိုလျှော့ချထားရ၏ ။

Force of LovityWhere stories live. Discover now