Part 35 [ Zawgyi]

1.3K 32 0
                                    

နှုတ်ခမ်းထောင့်ဆီက စပ်ဖျင်းဖျင်းခံစားလိုက်ရတာကြောင့် မဟော် အိပ်နေရာမှနိုးလာရသည်။ ရီဝေဝေဖြစ်နေတဲ့ မျက်လုံးတွေကို ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ကာ ခုံကိုမှီအိပ်နေရာမှ မတ်မတ်ထထိုင်လိုက်သည်။

'' အရမ်းမလှုပ်နဲ့ဦး ၊ မင်းမသက်သာသေးဘူး ''

နားထဲမှာဒိန်းခနဲ ဗုံးပေါက်သလိုခံစားလိုက်ရပြီး မဟော်ဘေးဘက်ကို အမြန်လှည့်ကြည့်လိုက်တော့ သျှင်းစက်တည်က ကားမောင်းသူနေရာမှာထိုင်နေလျက် အပြစ်ကင်းစွာနဲ့ကြည့်နေသည်။ အခုမှ ပတ်ဝန်းကျင်ကို သတိရမိပြီး ဝေ့ပတ်ကြည့်မှ ကားရပ်ထားတာ သျှင်းစက်တည်တို့ အိမ်ရှေ့ ။ နေမင်းတည်ကြည်ဆိုတဲ့ကောင် မွှေချသွားပြန်ပြီ။

'' ခင်များက ဘယ်လိုလုပ်ပြီး..  ''

'' ဆေးခန်းလည်းမသွားဘူး ၊ ဆရာဝန်လည်းမပြဘူး လုပ်နေတာဆို ။ မင်းသူငယ်ချင်းက ငါ့အိမ်ရှေ့ရောက်လာတာပဲ ။ မင်းကို နားချပေးပါဦးဆိုပြီး ''

'' ကျစ် အဲ့ကောင်က.. ''

'' သူ့ကိုအပြစ်တင်မနေနဲ့ ၊ မင်းကိုမင်းလည်းပြန်ကြည့်ဦး ။ ရစရာကိုမရှိတော့ဘူး ''

'' ဟင်း အချိန်တန်ရင် ပျောက်သွားလိမ့်မယ် အာ့ အား စပ်တယ် ''

ကိုယ့်ကိုကိုယ် ဂရုမစိုက်ပဲ ပေတေနေသည့် သိုင်းမြတ်မဟော်ကို သျှင်းစိတ်တိုလွန်းတာကြောင့် လက်ထဲက အရက်ပြန်သုတ်ထားတဲ့ ဂွမ်းစနဲ့ သူ့နှုတ်ခမ်းထောင့်က ဒဏ်ရာကို ဖိချပစ်လိုက်သည်။ အဆင်ပြေပြေနဲ့ မြင်ချင်ခဲ့တဲ့ ခန္ဓာကိုယ်မှာ ဒဏ်ရာဗလပွနဲ့ မြင်လိုက်တော့ သျှင်းဘယ်လောက်ထိ စိတ်ပူသွားလဲဆိုတာ ကိုယ့်ကိုကိုယ်အသိဆုံး ။

'' စပ်လည်းခံ ၊ နှဖူးကတော့ပေါက်ရုံပဲပေါက်လို့ ငါဆေးထည့်ပြီး ပက်တီးစီးပေးထားတယ် ။ ဖြစ်နိုင်ရင် ဆရာဝန်နဲ့ပြလိုက်ပါလား ၊ ဟင် ''

တောင်းဆိုသလို ကြည့်လာတဲ့ မျက်ဝန်းလေးတွေကို မဟော်မလွန်ဆန်နိုင်စွာပဲ ခေါင်းငြိမ့်ပြလိုက်တော့မှ စိတ်ချသွားတဲ့ မျက်နှာလေးနဲ့ သူ့ပေါင်ပေါ်က ဆေးထုပ်တွေကိုသိမ်းနေသည်။ ရှင်းလင်းနေတဲ့ မျက်နှာလေးက နေကောင်းကျန်းမာပုံရနေလို့ တော်ပါသေးသည်။

Force of LovityWhere stories live. Discover now