Part 41 [ Zawgyi]

1.3K 43 4
                                    

ညစာစားပြီးတာနဲ့ နေမင်းပို့ပေးလာတဲ့ file ကို ဝင်ကြည့်လိုက်သည်။ ရိုးရိုးရှင်းရှင်း လူတစ်ယောက်ရဲ့ နောက်ကြောင်းက ဆန်းဆန်းပြားပြားမရှိ။ ဆယ်တန်းနှစ်မှာ ဖခင်ဆုံးသွားပြီး တက္ကသိုလ်ဆက်မတတ်ခဲ့ပဲ အလုပ်ဝင်လုပ်ခဲ့သည့်အကြောင်းကို တွေ့လိုက်ရတော့ စိတ်ထဲမကောင်းဖြစ်သွားရသည်။ သူ့ဘဝနဲ့သူတောင် ပင်ပန်းနေခဲ့တဲ့လူကို မဟော်ကထပ်ပြီး ပင်ပန်းအောင်လုပ်စေခဲ့မိ၏ ။

'' YX Club ကနေ အသက် ၂၃မှာ အလုပ်ထွက်၊၊ ထွက်ခဲ့ရတဲ့ အကြောင်းအရင်း အတိအကျမရှိ''

ထိုစာကြောင်းကို လက်ညှိုးနဲ့ထောက်ပြီး မဟော်အသံထွက်ရေရွတ်လိုက်၏ ။ ရင်းရင်းနီးနှီး ကြားဖူးနေတဲ့ ဒီနာမည်ကြောင့် မဟော်မျက်မှောင်ကြုတ်လိုက်သည်။ ဒီ Club နာမည်က..။

ရုတ်တရက်အတွေးထဲ ဝင်ရောက်လာတဲ့ အကြောင်းအရာကြောင့် မဟော်ရင်ထဲထိတ်ခနဲ ဖြစ်သွားရသည်။ သျှင်းစက်တည် အသက် ၂၃ဆိုရင် လွန်ခဲ့တဲ့ ၇နှစ် မဟော်အသက် ၁၃နှစ်.. ။ မဖြစ်နိုင်တာ ဒီလောက် တိုက်ဆိုင်နိုင်စရာအကြောင်းရှိပါ့မလား ။ မဟုတ်ဘူး မဖြစ်နိုင်ဘူး။ အတွေးထဲမှာ အခါခါငြင်းဆန်လိုက်ပြီး မဟော် နေမင်းဆီ message ပို့လိုက်ကာ အခန်းအပြင်ဘက်ကိုထွက်ခဲ့လိုက်သည်။

ဧည့်ခန်းထဲမှာ ဒေါ်ကြီးတင်နဲ့ကစားနေတဲ့ လင်းမြတ်မဟော်က မဟော့်ဆီ ပြေးလာသည်။

'' ကိုကြီး ''

'' အင်း ၊ ထမင်းစားပြီးပြီလား ''

'' ဟုတ် ၊ တင်တင်က ကြက်ကြော်နဲ့ကျွေးတယ် ''

မဟော် ခေါင်းငြိမ့်ပြလိုက်ကာ လင်းမြတ်မဟော်ရဲ့ဆံပင်လေးတွေကို ဆွဲဖွလိုက်ပြီး ဒေါ်ကြီးတင်ကိုလှမ်းပြောလိုက်သည်။

'' ကျွန်တော် အပြင်သွားစရာရှိလို့ ၊ ကလေးကို တစ်ချက်ကြည့်ထားပေးပါဦး ''

'' ဟုတ်ပြီ စိတ်မပူနဲ့ ၊ ဒေါ်ကြီးတင် သေချာဂရုစိုက်ထားပါ့မယ် ''

ထို့နောက် တိုင်မှာချိတ်ထားတဲ့ ကားသော့ကိုယူကာ မဟော်အပြင်ထွက်ဖို့ပြင်တော့ လင်းမြတ်မဟော်က အနောက်ကနေလိုက်လာသည်။

Force of LovityWhere stories live. Discover now