Part 10 [ Unicode ]

4.3K 314 2
                                    

'' ဘာပြောတယ်!! ''

ထည်ဝါ့ရဲ့အလန့်တကြားအော်သံကိုကြားတော့ နေမင်းတည်ကြည် ဆတ်ခနဲ တုန်သွားသည်။ လက်ထဲက ဘီယာခွက်လေးကို မဖိတ်ကျအောင် မနည်းကိုင်ထားလိုက်ရ၏ ။ မဟော်ကတော့ ခပ်တည်တည်ပြတ်သားနေတဲ့ မျက်နှာအနေအထားနဲ့ ဘီယာခွက်ကိုမော့ချလိုက်သည်။

'' သိုင်းမြတ်မဟော် မင်းရူးသွားတာလား!  ''

'' ငါမရူးဘူး ထည်ဝါ ငါအတည်ပြောနေတာ ဦးရာဇမဟော်ရဲ့
အရှိုက်ကိုထိနိုင်မဲ့ ချက်ကောင်းက သူ့မြေးကဂေးတစ်ယောက်ဖြစ်နေတာပဲ ''

'' ဟာကွာ ငါ ငါသိတယ် မင်း မင်းအဘိုးကိုလက်စားချေ
ချင်တယ်ဆိုတာ ဒါပေမဲ့ ဒါကြီးကတော့မဟုတ်သေးဘူးလေကွာ ''

'' ငါဆုံးဖြတ်ပြီးပြီ ထည်ဝါ ''

မဟော့်ရဲ့ ပြတ်သားတဲ့ဆုံးဖြတ်ချက်ကိုကြားအပြီးမှာတော့ မင်းထည်ဝါ စိတ်လျှော့လိုက်သည်။ ကာယကံရှင်ကတောင် အဆင်ပြေတယ်ပြောနေမှတော့ သူဘာတတ်နိုင်တော့မှာလဲ။

'' ဟုတ်ပြီ အဲ့ဒါဆို မင်းတွေးထားတဲ့ သူရောရှိလား ''

'' ရှိတယ် မင်းတို့လည်းသိတယ် ''

မဟော် နှုတ်ခမ်းတွန့်ကွေးရုံပြုံးလိုက်ပြီး သူ့အရှေ့က file ကို ကောက်ကိုင်လိုက်သည်။ ဒီလူကံဆိုးတာက HOR လုပ်ငန်းစုရဲ့လက်အောက်မှာ အလုပ်လုပ်ခဲ့ဖူးတာပဲ။ ကိုယ်ရေးမှတ်တမ်းစုံစမ်းဖို့က ထင်ထားတာထက် မြန်ဆန်ခဲ့၏ ။

'' သျှင်းစက်တည် ''

ထိပ်ဆုံးထောင့်မှာကပ်ထားတဲ့ လိုင်စင်ပုံလေးထဲမှာ မြင်နေရတဲ့ ထိုလူ့မျက်နှာ။ အတော်များများ မလှကြတဲ့ ဒီ်လိုင်စင်ပုံထဲမှာတောင် ထင်းနေအောင် လှတဲ့ ဒီလူ့ရုပ်ကိုတော့ ချီးကျူးမိသွားသည်။ ဒါလည်း သူ့အလုပ်မဟုတ်ပါဘူးလေ။

'' အဲ့ဒါဘယ်သူလဲ ငါမြင်ဖူးသလိုပဲ ''

နေမင်းက file ကိုဆွဲယူကာ ပြူးပြဲကြည့်သည်။ ပြီးမှ တအံ့တသြနဲ့

'' ငါသိပြီ! ဟိုတခါ ကားပြိုင်တုန်းက ''

'' Bingo ''

မဟော်လက်မထောင်ပြလိုက်တော့ နေမင်းက ပြန်ထောင်ပြသည်။ မင်းထည်ဝါ စားပွဲပေါ်ကစာကြည့်မျက်မှန်ကိုယူပြီး စာရွက်တွေကိုအသေးစိတ်ဖတ်ကြည့်လိုက်သည်။

Force of LovityWhere stories live. Discover now