Part 43 [ Unicode]

4.2K 274 37
                                    

* Notice ၊ အချိန်ကအတော်နောက်ကျနေပြီမို့ စာပြန်စစ်မထားလိုက်နိုင်ပါဘူး၊ မနက်ဖြန်ကျ သေချာပြန်စစ်ပြီးပြင်ပေးထားမယ်နော် *

******************************************

'' မောင်! ''

မောင့်လက်မောင်းကို ထုလိုက်မိပြီး ခပ်ကြိတ်ကြိတ်အော်လိုက်မိတော့ သျှင်းကိုမျက်လုံးပြူးလျက် ကြည့်လာသည်။ သဘောက သူဘာမှားလို့လဲပေါ့။

မေမေကတော့ အနှင်းကို တွဲလျက် အိမ်အောက်ကိုဆင်းလာကာ သျှင်းတို့်ဆီ လျှောက်လာသည်။

'' သားကြီး ၊ ဧည့်သည်ပါတာကို အိမ်ထဲမဝင်ခိုင်းပဲ ဘာရပ်လုပ်နေတာလဲ။ ''

'' ဟို မေမေ အဲ့ဒါကလေ - ''

'' မင်္ဂလာပါ မေမေ ''

မောင်ကထပ်ပြီး နှုတ်ဆက်လိုက်တော့ မေမေက မောင့်ကိုကြည့်ပြီးပြုံးပြလာသည်။ မေမေ့ဘေးက အနှင်းက မျက်လုံးကြီးပြူးလျက် သျှင်းကို တလှည့် ၊ မောင့်ကိုတလှည့်ကြည့်ပြီး အံ့သြနေရှာသည်။

'' သားကြီးရဲ့အသိလား ၊ လာပါ အိမ်ထဲဝင်ပါကွယ် ၊ အပြင်မှာခြင်ကိုက်က ကိုက်နဲ့။ လာလာ ''

'' ဟုတ်ကဲ့ မေမေ၊ ကျေးဇူးပါခင်မျ ''

မေမေ့လက်မောင်းကို တွဲပြီး အိမ်ထဲဝင်သွားတဲ့မောင်က အနောက်ကိုလှည့်ပြီး သျှင်းကိုတောင်မျက်စိတဖက်မှိတ်ပြသွားသေးသည်။ အပြင်မှာ ကြောင်ကြောင်ကြီးရပ်နေမိတာ ဘယ်လောက်ကြာသည်မသိ၊ အိမ်ထဲက မေမေ့အော်ခေါ်သံကြားမှာသာ အထဲပြေးဝင်လိုက်မိ၏ ။

'' သားကြီးရယ် ၊ မင့်မလည်း အပြင်မှာ ဘယ်သူရှိလိူ့ အဲ့လောက်နေချင်နေရတာတုန်း ၊ ဒီမှာ ဧည့်သည်ပါလာတာကို ''

အိမ်ပေါ်ရောက်တော့ လှမ်းပြောလာတဲ့ မေမေ့ကို ရယ်ပြလိုက်ပြီး မောင့်ဘေးနားဝင်ထိုင်လိုက်သည်။ ဧည့်သည်ရောက်မှ ခင်းပေးတတ်တဲ့ ဖျာအသစ်လေးပေါ်မှာ မောင်ကကျကျနနထိုင်သည်။ တစ်ခါရောက်ဖူးပြီးသားအိမ်မို့ စိမ်းသက်နေဟန်တော့မတူ။

နောက်ဖေးကထွက်လာတဲ့ အနှင်းက ဗန်းတစ်ချပ်သယ်လာပြီး စားပွဲပုလေးပေါ် တင်ပေးလာသည်။ မေမေက ဧည့်သည်လာရင် သိပ်ပျော်တတ်တဲ့လူမလို့ မောင့်လက်ကိုဆွဲကာ မုန့်တွေအတင်းစားခိုင်းနေပြန်သည်။

Force of LovityWhere stories live. Discover now