EXTRA- 8 [ Unicode]

4.8K 236 18
                                    

ဒီရက်ပိုင်း အဘွားကအသည်းအသန်ဖြစ်သွားတာမို့ သျှင်းရောမောင်ပါ HOR စံအိမ်ကိုခနပြောင်းနေခဲ့ရသည်။ အခုတော့ ဆရာဝန်က စိတ်ချရတဲ့အနေအထားရောက်ပြီဆိုကာမှ အကုန်လုံးစိတ်အေးရသည်။ ဒါပေမဲ့ အသက်ကြီးလာပြီမို့ ဒီလိုအခြေအနေတွေ ထပ်ကြုံတွေ့လာနိုင်ကြောင်းကိုလည်း ဆရာဝန်ကြီးကသတိပေးသွားသေး၏ ။

အခုတော့ ရက်အတော်ကြာ ပိတ်ထားခဲ့တဲ့ တိုက်ခန်းကို ရှင်းလင်းကာ စောင်တွေပါထုတ်လျှော်ရသည်။ ဒေါ်ကြီးတင်ကလည်း အသက်ကြီးပြီမို့ အရင်လိုနေ့တိုင်းမလာနိုင်တော့။ မောင်ကအနားယူခိုင်းပေမဲ့ သျှင်းတို့မိသားစုကို အတော်သံယောဇဉ်ရှိတဲ့ဒေါ်ကြီးတင်က သူအဆင်ပြေတာနဲ့ ရောက်လာကာ အိမ်မှုကိစ္စတွေအကုန်လုပ်ပေးတတ်သည်။ နောက်ထပ်လူငှါးရင်လည်းမကြိုက်။ သူအသက်ကြီးလာလို့စွန့်ပစ်တာလားဆိုပြီး ရှာကြံဝမ်းနည်းတတ်တာကြောင့် မဟုတ်ကြောင်းကို မနည်း ရှင်းပြရသေးသည်။

'' မောင်ရေ ''

စောင်ထူထူတွေ ကိုရေညှစ်ပြီးတဲ့နောက်မှာ နေပူလှန်းဖို့မောင့်ကိုလှမ်းခေါ်ရသည် ။ နှစ်ယောက်အိပ်စောင်ကအထူကြီးမို့ သျှင်းတစ်ယောက်ထဲ ဘယ်လိုမှမနိုင်။ မောင်ကတော့ လက်တစ်ဖက်ထဲနဲ့တောင် အသာလေးမနိုင်၏ ။

'' လာပါပြီဗျာ ''

- ရွှတ်

လာတာကို ရိုးရိုးမလာ။ အနောက်ကနေ ကိုင်းပြီး သျှင်းပါးကိုလာနမ်းလိုက်သေးတာကြောင့် မပြောချင်ဘူးဆိုတဲ့ပုံစံနဲ့ကြည့်ပေးလိုက်သည်။ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ မောင့်အထိအတွေ့တွေကို အတော်ရင်းနှီးလာပြီဖြစ်တာကြောင့် အရင်လိုအရမ်း မရှက်မိတော့။

'' ဘောင်းဘီတွေပါ ရေစိုကုန်ပြီ။ ရေပြန်ချိုးရမယ်နော် ဘေဘီ ''

'' အင်းပါ ''

ထို့နောက် အကုန်ပြီးတာနဲ့ အိမ်ထဲပြန်ဝင်ပြီး ရေချိုးဖို့လုပ်ရသည်။ ဧည့်ခန်းထဲက ကလေးနှစ်ယောက်ကိုလှမ်းကြည့်လိုက်တော့ ကောင်းကောင်းလေး ကစားနေပုံရသည်။ ဖက်ထုပ်လေးရဲ့ ၃နှစ်ပြည့်မွေးနေ့တုန်းက အဘွားအသည်းအသန်ဖြစ်နေတာကြောင့် သျှင်းတို့မသွားလိုက်ရပါ။ လင်းမြတ်လေးကလည်း နေမကောင်းတဲ့အဘွားနားမှာပဲနေချင်သည်ဆိုတာကြောင့် မလွှတ်ဖြစ်တော့။

Force of LovityWhere stories live. Discover now