Part 24 [ Zawgyi]

1.4K 40 4
                                    

အချိန်အတော်ကြာမှ မဟော့် ရင်ခွင်ထဲက ခန္ဓာကိုယ်ကငြိမ်ကျသွားကာ ရုန်းထွက်သွားသည်။ တစ်ခုခုလစ်ဟာသွားသလိုခံစားချက်ကို ဥပေက္ခာပြုလိုက်ကာ မဟော်အရှေ့ကိုပြန်လှည့်လိုက်သည်။

'' တောင်းပန်ပါတယ် ငါ့ကြောင့်နဲ့၊ နောက်ကျကုန်ပြီ ''

'' ရတယ်၊ ခင်များရှေ့က Dashboard ထဲမှာ wet tissue ထုပ်ရှိတယ်၊ သုံးချင်ရင် ယူသုံးလိုက် ''

'' ကျေးဇူး ''

wet tissue လေးနဲ့ မျက်နှာသုတ်နေသော ဘေးကလူကို တချက်ကြည့်လိုက်ကာ မဟော်ကားကိုမောင်းထွက်ခဲ့သည်။ လမ်းတစ်ဝက်လောက်ရောက်ပြီးသားဖြစ်တာကြောင့် နာရီဝက်အတွင်းမှာပင် စံအိမ်ကိုရောက်သွားသည်။

လာကြိုတဲ့ အလုပ်သမားတစ်ယောက်ကို ကားသိမ်းခိုင်းလိုက်ကာ သျှင်းစက်တည်ရဲ့လက်ကိုဆွဲပြီး စံအိမ်ထဲဝင်လာခဲ့သည်။ စံအိမ်ဝင်းထဲရောက်တာနဲ့ မသက်မသာဖြစ်သွားတဲ့ မျက်နှာလေးကြောင့် အဆင်ပြေရဲ့လား ငုံ့ကြည့်လိုက်တော့ မဟော့်ကိုပြုံးပြလာသည်။

'' ထမင်းစားချိန်ခနပဲ သူတို့နဲ့တွေ့ရမှာ၊ ကျန်တဲ့အချိန် ကိုယ့်အခန်းထဲကိုယ်နေရုံပဲ ၊ ဒါမှမဟုတ် ဒီနေ့ထမင်းကို အခန်းထဲမှာစားချင်လား ''

'' မဟုတ်တာ လူကြီးတွေကို အားနာစရာ၊ ငါအဆင်ပြေပါတယ် ''

'' အဆင်မပြေဘူးဆို ကျုပ်ကိုတန်းပြော ''

'' အင်းပါ၊ လာ အထဲဝင်ရအောင် ''

အိမ်ထဲဝင်လိုက်တာနဲ့ ဆိုဖာပေါ်ထိုင်​နေတဲ့ သိုင်းမြတ်မဟော်ရဲ့အဘွားက သျှင်းကိုလှမ်းကြည့်ပြီး မျက်နှာမဲ့လိုက်တာမို့ ခေါင်းကိုအသာငုံ့ထားလိုက်သည်။ သိုင်းမြတ်မ​ဟော်က​တော့ သူ့အဘွားကိုတခွန်းသာနှုတ်ဆက်ကာ သျှင်းလက်ကိုဆွဲပြီး အပေါ်တတ်ခဲ့၏ ။

'' ရေချိုးမှာမလား ''

'' အင်း ၊ မင်းအရင်ချိုးလေ ''

'' ရတယ်၊ ခင်များအရင်ချိုး ''

သျှင်းခပ်သွက်သွက်ပဲ ခေါင်းငြိမ့်လိုက်ကာ တဘက်ကြီးကိုဆွဲယူပြီး ရေချိုးခန်းထဲပြေးဝင်ခဲ့သည်။ ရေချိုးခန်းထဲရောက်မှ မှန်ထဲက ကိုယ့်မျက်နှာကိုယ်ကြည့်မိတော့ အနည်းငယ်ပန်းရောင်သမ်းနေသည်။ ဘယ်လိုစိတ်ကူးနဲ့များ အဲ့ကောင်လေးရဲ့ ရင်ခွင်ထဲဝင်ပြီး ငိုခဲ့တာလဲ သျှင်းစက်တည်ရယ်။ သူငိုနေတဲ့တစ်လျှောက်လုံး ကျောပြင်ကိုခပ်ဖွဖွပွတ်​ပေး​နေခဲ့တဲ့ အထိအတွေ့ကို ပြန်သတိရမိသွား​တော့ မျက်လုံးတွေကိုမှိတ်ချပစ်လိုက်သည်။ နွေးလိုက်​တာ အဲ့ဒီလက်တွေက။

Force of LovityWhere stories live. Discover now