Part 34 [ Zawgyi ]

1.4K 37 2
                                    

ပူပူနွေးနွေး ခေါက်ဆွဲကြော်တွေထည့်ထားတဲ့ ပန်းကန်ကို စားပွဲခုံပေါ်တင်လိုက်ပြီးနောက် ငွေလွှာဝင့်ထက် ပြုံးလိုက်သည်။ ဒီလောက်ဆို ပြီးပြည့်စုံလောက်ပါပြီ ။

ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေတုန်း ကြားလိုက်ရတဲ့ အသံတို့ကြောင့် နောက်ကိုလှည့်လိုက်သည်။

'' သမီး ဘာတွေချက်နေတာတုန်း ''

'' အန်တီ့အတွက် ခေါက်ဆွဲကြော်နေတာပါ ၊ စားတော့မလား အန်တီ ''

'' မွှေးနေတာပဲ သမီးရယ် ''

'' ကျေးဇူးပါ အန်တီ ၊ ချစ်စုကိုလည်း သမီးသွားခေါ်လိုက်ဦးမယ်နော် ''

ထွက်သွားတဲ့ ငွေလွှာဝင့်ထက်ကို ကြည့်ရင်း ဒေါ်မြတ်သီရိ ကျေနပ်စွာပြုံးလိုက်သည်။ ဘယ်တုန်းကမှ အမြင်မကြည်ခဲ့သည့် ဦးရာဇမဟော်ကို ဒီတစ်ခေါက်တော့ ကျေးဇူးတင်မိသည်။ သားအတွက် ဒီလိုမိန်းကလေးမျိုးကို ရှာပေးခဲ့တယ်မဟုတ်လား ။ HOR စံအိမ်မှာ နေလို့မဖြစ်တာကြောင့် သားကသူမအတွက် တိုက်ခန်းစီစဉ်ပေးထားသည်။ ချစ်စုနဲ့ သူမနှစ်ယောက်ထဲရှိတာကြောင့် ငွေလွှာဝင့်ထက်က မကြာခဏ အဖော်လာလုပ်ပေး၏ ။

သားနဲ့ ဒီမိန်းကလေး လက်မထပ်မချင်း ဒေါ်မြတ်သီရိဒီမှာပဲ နေဖို့ဆုံးဖြတ်ထားသည်။ စေ့စပ်ထားတယ်ဆိုတာ အချိန်မရွေးပြတ်ဖို့ လွယ်ကူသည်လေ ။ သားနဲ့လက်ထပ်ထားတယ်ဆိုတဲ့ ဟိုကောင်လေးကိုလည်း ဒီရောက်ကထဲက မတွေ့တာကြောင့် စိတ်ချမ်းသာနေရ၏ ။ ကြည့်ရတာ သူမထင်သလို သားက ထိုကောင်လေးကို အပျင်းပြေတွဲခဲ့ရုံဖြစ်မည်။

ချစ်စုလည်း ရောက်လာပြီး သုံးယောက်သားထိုင်လိုက်ကြကာ ခေါက်ဆွဲကြော်ကို စားလိုက်ကြသည်။ သူမစားနေတဲ့တစ်လျှောက်လုံးလည်း ငွေလွှာဝင့်ထက်က ဂရုစိုက်ပေးနေတာကြောင့် ကျေနပ်ရပြန်၏ ။ သူမသားလေး ကံကောင်းမှာပါ ။

'' ရတယ် ၊ သမီးပန်းကန်တွေ ဆေးလိုက်မယ် ၊ မချစ်စုရေ အန်တီ့ကိုခေါ်သွားပေးပါဦး ''

မချစ်စုက သူမပြောသည့်အတိုင်း ဒေါ်မြတ်သီရိ ရဲ့ ဝှီးချဲကို တွန်းကာ အပြင်ထွက်သွားမှ ငွေလွှာဝင့်ထက် မီးဖိုချောင်တံခါးကိုပိတ်လိုက်ကာ သက်ပြင်းချလိုက်သည်။ စိတ်ပျက်စရာကောင်းလိုက်တာ ။ အိမ်မှာတောင် တစ်ခါမှ မလုပ်ဖူးတဲ့ဟာတွေကို ဒီမိန်းမကြီးနဲ့ကျမှ လုပ်ပေးနေရတယ် ။ သိုင်းမြတ်မဟော်ကို မပိုင်သေးလို့သာ လိုက်လျောပြီး ဖားနေရတာ ။

Force of LovityWhere stories live. Discover now