Part 7 [ Unicode ]

4.3K 338 4
                                    

မနက်ဖြန် ဖြေရမည့် အင်တာဗျူးအတွက် လိုအပ်တဲ့ file တွေပြင်ဆင်ပြီး ဇစ်အိတ်လေးထဲ သေချာထည့်ထားလိုက်သည်။ မနက်စောစောသွားရမှာမို့ အခုကထဲက မနက်ဖြန်ချက်ဖို့အတွက် ပြင်ဆင်ထားရသည်။ အမွှာနှစ်ယောက်က ကျောင်းတက်နေရတာမို့ပိတ်ရက်ပဲ ချက်ခိုင်းဖြစ်သည်။ ကြားရက်တွေမှာ အိမ်စားဖို့သောက်ဖို့ကို သျှင်းတလှည့် အမေတလှည့်သာ ချက်ပေးကြသည်။

'' ကိုကိုကြီး လက်ဖက်ကျန်သေးလား ''

'' အင်း ရေခဲသေတ္တာထဲထည့်ထားတယ် သုတ်စားချင်လို့လား ''

'' ဟီး ဟုတ်တယ် ကိုကိုကြီး စာလုပ်ပြီးသွားလို့ TV ကြည့်ရင်း စားချင်လို့ ''

'' သွား သွား ကိုကိုကြီးသုတ်ခဲ့လိုက်မယ် ''

'' ရပါတယ် ကိုကိုကြီးရဲ့ အနှင်းဘာသာသုတ်လိုက်ပါ့မယ် ''

'' သွားပါ စာလုပ်ပြီးတုန်းလေး နားချည် ''

'' ဟီး အဲ့ဒါဆိုလည်း ကျေးဇူးပါ ကိုကိုကြီး ''

အနှင်းက ဧည့်ခန်းဘက်ကိုခုန်ပေါက် ပြန်ပြေးသွားတာမို့ သျှင်းခေါင်းခါပြီး ရယ်လိုက်သည်။ အမေက မိန်းကလေးမို့ မပြေးရဘူး ဆုံးမလည်း ခနသာငြိမ်ပြီး ပြီးရင်နှစ်ယောက်လုံး ပြေးကြတာပင်။အမေက လက်ဖက်စားရင် ရေနွေးကြမ်းပါ သောက်တတ်တာမလို့ ရေနွေးအိုး အရင်တည်လိုက်သည်။ ပြီးမှ ရေခဲသေတ္တာလေးထဲက လက်ဖက်ဘူးလေးက်ု ထုတ်ရသည်။ ဒီတစ်ဆင့်ရေခဲသေတ္တာလေးက အလင်း ဆယ်တန်း၆ဘာသာဂုဏ်ထူးထွက်တုန်းက သူ့ကျောင်းကဆုချထားတာဖြစ်သည်။ အလင်းက ၆ဘာသာ၊ အနှင်းက ၅ဘာသာဖြင့် ဆယ်တန်းအောင်တုန်းက အမေရော သျှင်းပါ ဂုဏ်ယူမဆုံး ။ အဖေသာသိရင် ဘယ်လောက်ဝမ်းသာမလဲတွေးမိတာ မိသားစုတွေ ဖက်ငိုကြသေးသည်။ အခုတော့နှစ်ယောက်လုံး ဆေးကျောင်းတတ်နေကြတာ နှစ်အနည်းငယ်ကြာရင် ဆရာဝန်မကြီးတွေ ဖြစ်ကြရော့မယ်။

အတွေးတွေကို အမြန်သိမ်းဆည်းလိုက်ကာ လှီးလက်စ ခရမ်းချဉ်သီးကို အာရုံပြန်စိုက်လိုက်သည်။ လက်ဖက်၊ ခရမ်းချဉ်သီး၊ အကြော်ဆံ၊ ပုစွန်ခြောက် တို့ကို ဇလုံတခုထဲစုထည့်ပြီး အပေါ်က ငြုပ်သီးတောင့်လေးတွေကို ပါးပါးလေးညှပ်ထည့်လိုက်သည်။ ဆား၊အချိုမှုန့်ဖြူးပြီးတာနဲ့ ဆီအနည်းငယ်ထည့်လိုက်ကာ လက်အိတ်စွပ်ပြီး ရောနယ်လိုက်သည်။ လက်ဖက်ခြောက်ကြိုထည့်ထားသော ဓာတ်ဘူးထဲ ရေနွေးပူပူတို့ကိုလောင်းချလိုက်ကာ အဖုံးပိတ်လိုက်သည်။ ကြက်သွန်ဖြူက စားတဲ့သူစား၊ မစားတဲ့သူကမစားတာမို့ သင်ပြီးသား အတက်လေးတွေကို ပန်းကန်သေးသေးလေးထဲထည့်ယူခဲ့သည်။ ရေနွေးသောက်ဖို့ ခွက်ကလေးတွေပါစီထည့်လိုက်ပြီး ဗန်းကို အိမ်ရှေ့သို့ မခဲ့၏ ။ သျှင်းကိုမြင်တော့ အလင်းက TV ကြည့်နေရာမှ ပြေးလာကာ ဗန်းကိုသယ်သွားသည်။

Force of LovityWhere stories live. Discover now