Part 30 [ Unicode ]

4.3K 304 27
                                    

Showroom ထဲဝင်လိုက်တာနဲ့ အေးစိမ့်နေတဲ့ ခံစားချက်ကြောင့် သျှင်းလက်နှစ်ဖက်ကိုပိုက်လိုက်သည်။ သိုင်းမြတ်မဟော်ရဲ့ အလိုကျ အပေါ်က အညိုရောင်အပျော့သား ရှပ်လက်ရှည်နဲ့ အောက်က အနက်ရောင်ဘောင်းဘီကိုတွဲဝတ်ထားရသည်။ ဝတ်နေကျမဟုတ်တာကြောင့် အစပိုင်းတစ်မျိုးဖြစ်ပေမဲ့ နောက်တော့လည်း သက်သောင့်သက်သာဖြစ်သွားတဲ့ အဝတ်အစားတွေကြောင့် တော်သေးသည်။

'' Boss ''

အနက်ရောင်အနောက်တိုင်းဝတ်စုံကို ဝတ်ထားတဲ့လူတစ်ယောက်က သျှင်းတို့ဆီလျှောက်လာပြီး သိုင်းမြတ်မဟော်ကို Boss ဟုလှမ်းခေါ်လိုက်သည်။

'' အင်း အကိုတေဇ ၊ ခနနေ ကျွန်တော့် ဧည့်သည်တစ်ယောက်လာလိမ့်မယ် ၊ သူလာရင် တချက်လာခေါ်ပေးပါဦး ''

'' ဟုတ်ကဲ့ပါ Boss ''

ဖြေနေတာက မဟော့်ကိုပေမဲ့ ဘေးနားကလူဆီကိုသာ အကြည့်ရောက်နေတဲ့ အကိုတေဇကြောင့် စိတ်ထဲ အဆင်မပြေတော့ ။ထို့်ကြောင့် သျှင်းစက်တည်ကို လက်မောင်းအနောက်ကနေ ဖက်လိုက်ပြီး

'' မိတ်ဆက်ပေးရဦးမယ် ၊ ဒါကျွန်တော့်အမျိုးသား သျှင်းစက်တည်တဲ့ ''

'' ဗျာ ဗျာ ''

စကားတွေတောင် ထစ်ကုန်တဲ့ အကိုတေဇက မျက်လုံးပြူး မျက်ဆံပြူး ဖြစ်သွားရှာသည်။ မဟော့်လက်ထဲက သျှင်းစက်တည်ရဲ့ ပုခုံးလေးကလည်း ဆတ်ခနဲ တုန်သွားတာကြောင့် ရယ်ချင်လာရသည်။ အကိုတေဇက ခပ်မြန်မြန်ပဲ ပြုံးလိုက်ကာ

'' တွေ့ရတာ ဝမ်းသာပါတယ် ၊ ကျွန်တော့်နာမည် ရဲတေဇနိုင်ပါ ''

'' အာ ဟုတ်ကဲ့ ၊ မင်္ဂလာပါ ''

လက်ဆွဲနှုတ်ဆက်မလို့ ပြင်နေကြတဲ့ နှစ်ယောက်ကြောင့် မဟော် သျှင်းစက်တည်ရဲ့ ပုခုံးကို ဖက်ကာ ထွက်လာခဲ့သည်။

'' မင်းဘယ်လိုဖြစ်နေတာလဲ ၊ ဟိုမှာ အားနာစရာကြီး ၊ ဒီတိုင်းကြီး ကျန်နေခဲ့တာ ''

'' ဘာမှ မဖြစ်ဘူး ''

ဘယ်လိုပြောပြော သျှင်းကို အတင်းဖက်ကာ လျှောက်နေတဲ့ သိုင်းမြတ်မဟော်ကြောင့် ဘာမှမပြောတော့ပဲ လိုက်လာခဲ့ရသည်။ ကား showroom ကြီးက အတော်ကျယ်ဝန်းကာ design တွေကဆန်းသစ်လှသည်။ ထိုစဉ် သျှင်းအာရုံကို ဖမ်းစားသွားတဲ့ ကားတစ်စီးကြောင့် ခြေလှမ်းတွေကို အရှိန်လျှော့လိုက်သည်။

Force of LovityWhere stories live. Discover now