EXTRA - 3 [ Unicode ]

3.1K 221 17
                                    

'' အင်း အင်း ဟင်း ''

သျှင်းအိပ်နေတုန်း ညည်းညူသံလိုလိုကြားလိုက်ရတာကြောင့် လန့်နိုးလာရသည်။ သျှင်းကိုထွေးပွေ့ထားသော မောင့် လက်မောင်းကြီးကတဆတ်ဆတ်တုန်နေကာ သျှင်းကိုပိုဖိညှစ်လာသည်။ လှဲနေရာမှ အမြန်ထလိုက်ကာ မောင့်ကိုကြည့်လိုက်တော့ ချွေးစေးတွေပြန်နေကာ ခေါင်းကိုဘယ်ညာရမ်းပြီးအံကြိတ်ထားပုံက အိပ်မက်ဆိုးမက်နေဟန်။

'' မောင် ၊ မောင် ၊ ငါခေါ်နေတာကြားလား ''

မောင့်ပါးပြင်အေးစက်စက်ကိုလက်နဲ့အသာထိကပ်ပြီး အော်ခေါ်လိုက်ပေမဲ့ အိပ်ပျော်နေတဲ့ မောင်ကအခုထိနိုးမလာသေး။ ဘယ်လောက်တောင် ပင်ပန်းနေရတဲ့ အိပ်မက်မလို့ အပြင်မှာပါဒီလောက်ဖြစ်နေရတာလဲဟု တွေးမိပြီး သျှင်းစိတ်မကောင်းဖြစ်လာရသည်။

'' မောင်! ထပါဦး ၊ မောင်ရေ ''

အမှောင်ထဲမှာ မဟော်တစ်ယောက်ထဲပြေးနေတုန်း ကြားလိုက်ရတဲ့ ခေါ်သံလေးကြောင့် ပြေးနေရာမှရပ်လိုက်မိသည်။ ဒီအသံက အင်မတန်ရင်းနှီးနေတဲ့ အသံ။

'' မောင်! ''

'' ဟင်း ''

ဖျတ်ခနဲ ဖွင့်လိုက်မိသော မျက်လုံးတွေနဲ့အတူ ဘေးနားမှာ မဟော့်လက်မောင်းကို စိုးရိမ်တကြီးနဲ့လှုပ်ရမ်းနေသော ဖြူလွလွပုံရိပ်လေးကို မြင်လိုက်ရသည်။

'' ဘေဘီ ''

'' မောင် ၊ ခနလေး ရေအရင်သောက်လိုက်နော် ''

ကုတင်ခေါင်းရင်းကို ကျောမှီထိုင်ရင်း ကမ်းပေးလာသော ရေခွက်ကိုမော့သောက်လိုက်သည်။ တစ်သျှူးစလေးတွေနဲ့ ချွေးစို့နေသော မဟော့်မျက်နှာကို လိုက်သုတ်ပေးနေတဲ့လူကို ကြည့်ပြီး ပြုံးလိုက်မိသည်။ အဖြူရောင်ညအိပ်ဝမ်းဆက်ကလေးနဲ့ သျှင်းစက်တည်က တရေးနိးထလာတာတောင် ကြည့်ချင်စရာကောင်းနေတုန်းပဲ..။

'' အိပ်မက်က အရမ်းဆိုးလို့လားဟင် ၊ မောင် ''

'' မောင် ဘာမှမဖြစ်ပါဘူး ''

ခပ်ဖျော့ဖျော့လေသံလေးနဲ့ မေးလာတဲ့စကားအဆုံး မဟော့်ဘေးနားက ကိုယ်လုံးလေးကိုဆွဲယူကာ ရင်ခွင်ထဲထည့်လိုက်တော့ အလိုက်သင့်လေးပါလာသည်။ ကိုယ်သင်းနံ့သင်းသင်းလေးကို ရှူရှိုက်လိုက်ရင်း အခုထိတုန်လှုပ်နေသော စိတ်တွေကို ဖြေလျော့ရသည်။ တော်သေးတာပေါ့..ဒီခေါ်သံနွေးနွေးလေးကို ကြားလိုက်ရလို့။ မဟုတ်ရင် မဟော်တစ်ယောက်ထဲ ဘယ်အချိန်ထိပြေးနေရမလဲမသိ။

Force of LovityWhere stories live. Discover now