Ep 3 [ Zawgyi]

1.9K 49 0
                                    

အမေ့အတွက် ဆေးအချို့ရယ်၊ အမွှာနှစ်ယောက် ကြိုက်တတ်တဲ့ မာလာရှမ်းကောရယ် ဝယ်ကာ အိမ်ပြန်လာခဲ့သည်။ အိမ်နားရောက်ခါနီးလေ မုန့်ထုပ်ဆွဲထားတဲ့ လက်တွေကတုန်လာလေလေ ဖြစ်သည်။ ဟန်ဆောင်တဲ့နေရာမှာ ညံ့တဲ့သူမလို့ အပူကိုမျက်နှာမှာ မပေါ်အောင် အတတ်နိုင်ဆုံးပြုံးထားရသည်။

'' ဟယ် ကိုကိုကြီး ပြန်လာပြီ​တော့ ဒီနေ့အစောကြီးပဲ ''

အိမ်ရှေ့မှာ စကောလေးချပြီး ဆန်ထိုင်ရွေးနေတဲ့ အနှင်းက သူ့ကိုမြင်​တော့ အပြေးလာကြို၏ ။ အဖေမရှိတော့ကထဲက သျှင်းနှစ်ဆ ပင်ပန်းခဲ့ရပေမဲ့ လိမ္မာသိတတ်တဲ့ အမွှာညီမလေးနှစ်ယောက်ကြောင့် မောသည်ဟုပင် မထင်ခဲ့ပါ။
'နှင်းစက်ရည်' နဲ့ 'လင်းစက်ကြည် ' ဆိုတဲ့ အမွှာညီမလေးနှစ်ယောက်ကို သူ၇နှစ်ကျော် ၈နှစ်ထဲရောက်မှ မွေးခဲ့တာဖြစ်သည်။ အဖေ ဆောက်လုပ်ရေး လုပ်သားမလို့ မနက်အစောကြီးထကာ ညဆိုနောက်ကျမှပြန်ရသည်။ အမေကလည်း ဒိုဘီလုပ်ကာ တစ်ရပ်ကွက်လုံးက အဝတ်တွေလှည့်​ကျော်ရ​တော့ ဒီညီမလေး နှစ်ယောက်ကိုထိန်းဖို့က ကလေးသာသာ သူ့အပေါ်သာ ကျရောက်ခဲ့သည်။

'' ဟယ် မာလာရှမ်းကော ပါလာတာလား ဟိုနေ့ကတောင် အလင်းမက စားချင်တယ်ပြောနေတာ ကိုကိုကြီးရဲ့ ''

အနှင်းကအထုပ်တွေကိုလည်းဆွဲယူ၊ လွတ်​နေသည့်လက်တဖက်နဲ့ သျှင်းလက်မောင်းကို တွဲခိုကာ အိမ်ထဲဝင်ခိုင်းသည်။ အမွှာ​ပေမဲ့ အနှင်းက အလင်းထက် ၃မိနစ်ပိုကြီးတာမို့ အစစအရာရာ အလင်းကိုညှာသည်။နှစ်​​ယောက်လုံး ကြိုက်တတ်တဲ့ အစားအစာပေမဲ့ သူ့ညီမကို သတိတရပြောနေတာပဲကြည့်။ ရွယ်တူညီအမတွေမို့ ကြီးလာရင်မတည့်မှာစိုးခဲ့ပေမဲ့ ညီမနှစ်ယောက်လုံးက သိတတ်လိမ္မာခဲ့သည်။

'' အမေရော အနှင်း ''

'' အမေက ဟိုဘက်အိမ်က ကြီးဒေါ်လုံး ချွေးမ ကလေးမွေးလို့ သွားစောင့်ပေးနေတယ် ကိုကိုကြီး ''

'' အော် မရီတောင်မွေးပြီလား နောက်နေ့ ကလေးပစ္စည်းလေးတွေ လက်ဆောင်သွားပေးရဦးမယ် ''

'' ကိုကိုကြီးပြောတာတောင် နောက်ကျပေါ့ အနှင်းက ကလေးအတွက် အနှီးနဲ့ ခြေအိတ်လေးတွေပါ ချုပ်ပေးပြီးပါ့ရှင် ''

Force of LovityWhere stories live. Discover now