Part 18 [ Unicode ]

4K 301 17
                                    

- ခွပ် ခွပ်

'' ခွေးသား! ''

အောင်မြင် အခုဖြစ်ပျက်နေတာကို နားလည်ဖို့မနည်းကြိုးစားနေရသည်။ မြို့စွန်က သူ့အသိပိုင်တဲ့ မိုတယ်ဆီမောင်းသွားပြီး ဟိုကောင်လေးကို ကားထဲက ပွေ့ခေါ်နေတုန်း သူ့အမြင်တွေ အမှောင်ဖုံးသွားကာ အဆက်မပြတ်ထိုးကြိတ်ခံလိုက်ရ၏ ။

- ခွပ် ခွပ် ခွပ်

'' ဟာ့ တောင်း တောင်းပန်ပါတယ် တော်ပါတော့ ''

'' အဟက် ရော့ ဒီမှာ မင်းအတွက် ဆေးဖိုးဝါးခ၊ မနက်ဖြန်ကစပြီး မင်းဘဝ ငြိမ်းချမ်းလိမ့်မယ် မထင်နဲ့ ''

မဟော် တစ်သောင်းတန်ရွက်တွေကို လဲကျနေသော အကောင်ဆီကြဲချခဲ့ပြီး ထွက်လာခဲ့သည်။ ခြေလှမ်း နှစ်လှမ်းလောက်လှမ်းအပြီးမှာ ခြေကျင်းဝတ်မှာ ခံစားလိုက်ရသော တင်းကြပ်မှု၊ အောက်ကိုငုံ့ကြည့်လိုက်တော့ မျက်လုံးတောင် မဖွင့်နိုင်တော့တဲ့ ကောင်က မဟော်ခြေထောက်ကို လက်နှစ်ဖက်နဲ့ ကိုင်ထားသည်။

'' မင်းနဲ့ငါ အာ့ ဘာအညှိုးရှိလို့လဲ ''

အတုန်တုန်အရီရီနဲ့ မေးလာသော စကားသံအဆုံးမှာ မဟော်ဟက်ခနဲ ရယ်ချလိုက်သည်။ ထို့နောက် ဒူးတစ်ဖက်ထောက်ထိုင်လိုက်ပြီး အနှီကောင်ရဲ့ မေးစေ့ကို ဆွဲယူလိုက်ကာ

'' ငါ့လူကို လာထိလို့ တန်ရာတန်ကြေး ပေးရတယ်လို့ မှတ်လိုက် ''

ခြေထောက်ကိုခပ်ကြမ်းကြမ်း ခါလိုက်တော့ ထိုကောင်ကလက်တွေဖြုတ်ချသွားသည်။ ထိုအခါမှ ကားရှိရာသို့ လျှောက်သွားလိုက်ပြီး မေ့မြောနေတဲ့လူကို ဆွဲပွေ့လိုက်သည်။ မဟော့်လက်ထဲပါလာတဲ့လူရဲ့ အလေးချိန်က ခပ်ပေါ့ပေါ့။ မျက်နှာက ပန်းနုရောင်သမ်းနေကာ အသိစိတ်ကလုံးဝ လွတ်နေပုံတော့မရ။

'' သျှင်းစက်တည်၊ ကျုပ်ခေါ်တာ ကြားလား ဟေ့လူ ''

'' အင့် အင်း ''

မဟော့်ခေါ်သံကို ကြားလား၊ မကြားလားတော့မသိ သျှင်းစက်တည်ထံမှ ညည်းညူသံကို ကြားလိုက်ရပြီး ခန္ဓာကိုယ်က အနည်းငယ်လွန့်လူးလာသည်။ညအမှောင်လည်းဖြစ် မြို့စွန်မို့ လူရှင်းနေပေမဲ့ မိုတယ်နားမှာမို့ ဖြတ်သွားဖြတ်လာတွေကရှိနေဆဲ။ ဒီထက် အချိန်ကြာသွားရင် မကောင်းတာမို့ မဟော်ခပ်မြန်မြန်ပဲ လက်ထဲကလူကို ကားထဲထည့်လိုက်ကာ မောင်းထွက်ခဲ့သည်။

Force of LovityWhere stories live. Discover now