Part 29 [ Unicode]

4.1K 283 18
                                    

မဟော်အိမ်ထဲရောက်တော့ မီးတွေကမှိတ်လျက်သား။ တံခါးဖွင့်လိုက်လို့ လင်းသွားတဲ့ တံခါးရှေ့ကမီးရောင်ဝါကျင့်ကျင့်လေးကို အားပြုပြီး မီးခလုတ်ကို စမ်းကာဖွင့်လိုက်သည်။ မီးတွေလင်းသွားမှ အိမ်ကိုလှည့်ပတ်ကြည့်လိုက်တော့ တွေ့လိုက်ရတဲ့ မြင်ကွင်းကြောင့် အသာပြုံးလိုက်မိ၏ ။

TV ရှေ့က ဆိုဖာအနက်ရောင်ကြီးပေါ်မှာ ကွေးကွေးလေးအိပ်နေတဲ့သူက အိမ်ထဲလူဝင်လာတာတောင် မနိုး။ ခေါင်းအုံးမပါ ဘာမပါနဲ့ ဒီတိုင်းကြီးအိပ်နေတာကြောင့် ဇတ်ကြောတွေများ နာသွားမလားဆိုပြီး တွေးပူမိသွားသည်။

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေပုံရတဲ့လူကို မနှိုးချင်တော့တာကြောင့် ခေါင်းအောက်နဲ့ ဒူးအောက်ကို လက်တို့အသာလျှိလိုက်ကာ ဖြည်းညင်းစွာ ပွေ့ချီလိုက်သည်။ ဒါလည်း တချက်သာလူးလွန့်သွားပြီး မဟော့်ရင်ဘတ်ကိုမျက်နှာအပ်ကာ အိပ်မြဲအိပ်လျက်။ဒီလူ အခုချိန်သူခိုးဝင်လာပြီး သူ့ကိုချီခိုးသွားတောင် သိလိုက်ပါ့မလား ။

အခန်းထဲရောက်တော့ မွေ့ယာပေါ်အသာချပေးလိုက်ကာ အပေါ်ကနေ စောင်ခြုံပေးလိုက်သည်။ Club က လူအနံ့တွေရော ၊ ဆေးလိပ်ဘီယာနံ့တွေပါ စွဲနေတာကြောင့် ရေတစ်ခေါက်ထပ်ချိုးဖို့ပြင်လိုက်သည်။

ရေချိုးပြီး ပြန်ထွက်လာတော့ ခုနက ညာဘက်စောင်းအိပ်နေတဲ့လူက အခုတော့ဘယ်ဘက်စောင်းအိပ်နေလျက်။ မဟော်ကိုယ်တိုင်လည်း ပင်ပန်းကာ အိပ်ချင်နေပြီဖြစ်တာကြောင့် ညဝတ်တစ်ထည်ကိုအမြန်ကောက်လဲလိုက်ပြီး အိပ်ရာထဲဝင်အိပ်လိုက်သည်။

မီးတွေအကုန်မှိတ်လိုက်ကာ စားပွဲပေါ်ကညအိပ်မီးရောင်လေးကသာ အခန်းထဲမှာ နေရာယူထားသည်။ တဖက်ကိုလှည့်ကြည့်လိုက်တော့ မဟော့်ဘက်လှည့်ပြီး ကွေးကွေးလေးအိပ်နေတဲ့သူက ကလေးပေါက်စလေးနဲ့တောင်တူသလိုခံစားလိုက်ရ၏ ။

'' ခင်များပဲ ကောင်းတယ်၊ အဲ့မှာအိပ်နေလိုက် ''

တစ်ကိုယ်စာကြားရုံမျှ ရေရွတ်လိုက်ပြီး မျက်စိရှေ့က ပါးပြင်နုနုကို လှမ်းကိုင်လိုက်တော့ သျှင်းစက်တည်က မျက်ခုံးလေးအသာတွန့်ချိူးသွားသည်။ လက်ထဲမှာ ခံစားနေရတဲ့ နူးနူးညံ့ညံ့အထိအတွေ့ကြောင့် မဟော်စိတ်မထိန်းနိုင်တော့ပဲ ထိုလူ့အနားတိုးကာ ပါးပြင်ထဲ နှာခေါင်းနှစ်ပစ်လိုက်သည်။

Force of LovityWhere stories live. Discover now