Part 26 [ Unicode]

4K 301 15
                                    

'' ခိုင်းလိုက်ရင် ဘယ်တော့မှ အသုံးမကျဘူး စောက်ဝက်! ''

မျက်နှာတည့်တည့်ဆီပစ်ပေါက်လာသော ဆေးလိပ်ပြာခွက်ကို ရွှေဝက် တစ်ယောက် အလန့်တကြား ရှောင်လိုက်ရသည်။ အကိုဖြစ်သူ စိန်ဝက် အဖမ်းခံရပြီးနောက် ဆရာကပိုပြီး ဒေါသကြီးလာသည်။ သူ့အကို စိန်ဝက်လည်း KOOL Gang ရဲ့ ထောင်ထဲမှာ အရိုးဆွေးနေပြီလားမသိ။ သွားကြည့်ရအောင်ကလည်း အဲ့ထောင်နားကို ကပ်ဖို့တောင် အနိုင်နိုင်။

'' တောင်း တောင်းပန်ပါတယ် ဆရာ ''

'' မင်းရော ၊ မင်းအကိုရော တူတူပဲ သွားကြစမ်း၊ သွား! နောက်တစ်ခါ ထပ်အသုံးမကျရင် ငါကိုယ်တိုင် မင်းကိုသတ်ပေးမယ် ကြားလား ''

'' ဟုတ် ဟုတ်ကဲ့ပါ ''

တုန်တုန်ယင်ယင် နဲ့ထွက်သွားသော ရွှေဝက်ကိုကြည့်ပြီး ဆရာဖြစ်သူက တောက်ခေါက်လိုက်သည်။ ကြည့်ရတာ လူပြောင်းသုံးမှ ရတော့မည်ထင်သည်။

'' ဟင်း ကြည့်ကြသေးတာပေါ့ ၊ မင်းတို့ကပဲ အသက်ပြင်းမလား၊ ငါကပဲ ရအောင် သတ်နိုင်မလားဆိုတာ ''

________________________________________

'' အကိုသျှင်းစက် ''

သျှင်း စာရင်းတွေစစ်နေတုန်း ခေါ်သံကြားတာကြောင့် မော့ကြည့်လိုက်တော့ ကိုရယ်မြူးသာက ပြုံးပြီး လျှောက်လာနေသည်။ သျှင်းလက်ထဲက ဖိုင်တွဲကိုပိတ်လိုက်ပြီး မတ်တပ်ရပ်ကာ

'' ညီလေးရယ်မြူး ''

'' အာ ထိုင်ပါဗျာ၊ အကိုအလုပ်လုပ်နေတာကို နှောင့်ယှက်မိသွားပြီလားမသိဘူး ''

'' မဟုတ်တာ၊ စစ်ပြီးသားစာရင်းတွေကို တစ်ခေါက်ပြန်ကြည့်နေတာရယ် ။ ''

သျှင်းပြောတော့ ကိုရယ်မြူးသာက ခေါင်းတဆတ်ဆတ်ငြိမ့်ကာပြုံးသည်။ ဆိုင်မှာ အလုပ်လုပ်တာ တလနီးပါးရှိပြီဖြစ်တာကြောင့် သျှင်းလည်း အသားကျစပြုလာသည်။ ဆိုင်ရှင်နှစ်ယောက်လုံးရောက သဘောကောင်းပြီး တာဝန်ယူစိတ်အပြည့်ရှိတာလည်းပါ၏ ။

'' ဒါလေး ''

သျှင်းရှေ့ကိုထိုးပေးလာသော လေးထောင့်စာအိတ်ဖြူလေးတစ်ခု။ ဖွင့်ကြည့်လိုက်တော့ အထဲမှာ အပြာရောင်ဖိတ်စာလေးတစ်ခုကိုတွေ့လိုက်ရသည်။

Force of LovityWhere stories live. Discover now