Part 25 [ Unicode ]

4.1K 280 11
                                    

'' ရှင် ကျွန်မကို လာပြီး မစွပ်စွဲနဲ့!! ''

'' မင်းက အစွပ်စွဲမခံရအောင်နေလေ! ''

မဟော် ကျောင်းကပြန်လာလာချင်း ကြားလိုက်ရသော မိဘနှစ်ပါးရဲ့ ရန်ဖြစ်သံကြောင့် မျက်နှာလေးငြိုးသွားရသည်။ လူမှန်းသိတတ်စအရွယ်ကထဲက ကြားလာရတဲ့ ရန်ဖြစ်သံတွေကို ရိုးနေပေမဲ့ ကြားလိုက်ရတိုင်း နာကျင်စမြဲပင် ။

'' မြေးလေး ဘာရပ်လုပ်နေတာလဲ၊ ဘွားဆီလာ ''

ဘွားက အခန်းထဲကထွက်လာပြီး မဟော့်ကိုပွေ့ချီလိုက်သည်။ ထို့နောက် မဟော့်ပါးပြင်ကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး

'' နားထောင်မနေနဲ့ မြေးရဲ့၊ ပြီးရင်ပြေလည်သွားကြမှာ၊ ဘွား မြေးကြိုက်တဲ့ အာလူးကတ်သလိပ်လုပ်ထားတယ် စားမယ်မလား ''

ဘွားလုပ်ကျွေးတဲ့ အာလူးကတ်သလိပ်စားပြီး မဟော်အပေါ်ကိုတတ်အလာ ကြားလိုက်ရတဲ့ ဖန်ကွဲသံကြောင့် ခြေလှမ်းတွေရပ်တန့်သွားရသည်။

'' အဲ့ဒါဘာရပ်လုပ်နေတာလဲ ''

လှေကားရင်းမှာရပ်နေပြီး မဟော့်ကို စိုက်ကြည့်ပြီးမေးလာတဲ့အဘိုးကြောင့် လှည့်ကြည့်လိုက်သည်။ သူ့အဘိုးဆိုတာကို စသိကထဲက မဟော့်ကိုကြည့်လာတဲ့ စူးစူးရဲရဲမျက်လုံးတွေကိုလည်းကြောက်သည်။ မေမေနဲ့သူ့ကိုဆို အမြဲအပြစ်မရှိအပြစ်ရှာနေတတ်တဲ့ နှုတ်ခမ်းတွေကိုလည်းမုန်းသည်။ ထို့ကြောင့် အဘိုးမေးတာကိုပြန်မဖြေပဲ မဟော်ဒီတိုင်းရပ်ကြည့်နေမိ၏ ။

'' မအေရော သားရော တပုံစံထဲပဲ၊ အချိုးကိုမပြေကြဘူး ''

အဘိုးက မဟော့်ကိုခက်ထန်စွာပြောပြီး တတိယထပ်ရှိသူ့အခန်းသို့တက်သွားသည်။ သို့နှင့် မဟော်လည်းကိုယ့်အခန်းကို ဝင်ခဲ့ကာ ကျောင်းကပါလာတဲ့ အိမ်စာတွေလုပ်ဖို့ပြင်ရတော့သည်။

-------------------------

'' မြေး ၊ ဘွားဘွား သွားမယ်နော် ''

'' ဟုတ် ဘွား တာ့တာ ''

ငိုမဲ့မဲ့ ဖြစ်နေတဲ့ မဟော့်ပါးကို အဘွားကရွှတ်ခနဲ နမ်းသွား၏ ။ မဖြစ်မနေ အလုပ်ကိစ္စမို့ သွားရပေမဲ့ မဟော့်ကိုစိတ်မချဘူးလို့ အဘွားကပြော၏ ။ ကျောင်းတဖက်နဲ့သာ ခေါ်မသွားတာ ဟုလည်းဆိုသည်။ ဘာကိုစိတ်မချတာလည်းဟု မဟော်ပြန်မမေးမိပါ။ ဂရုစိုက်သွားပါ ဟုသာပြောခဲ့သည်။

Force of LovityWhere stories live. Discover now