အပိုင်း (၁) သံယောဇဉ်
အမုန်းတရား။
ပူလောင်ခြင်းတွေနဲ့ ပြည့်နှက်နေတဲ့ အမုန်းတရား။
စိတ်ဝိညာဉ်ရဲ့ အဆိုးဆုံးရောဂါဖြစ်တဲ့ အမုန်းတရား။
ချစ်ခြင်းတွေမှာ အပြစ်ကင်းမဲ့တယ်ဆို မုန်းတီးခြင်းတွေကိုလည်း အပြစ်ဖွဲ့လို့မရဘူး။ လူတစ်ယောက်ကို အကြောင်းပြချက်မဲ့ မုန်းနေရတာ ကိုယ့်စိတ်ကိုယ် ပင်ပန်းအောင်လုပ်နေသလို မွန်းကျပ်တယ်လို့ ပြောကြမှာပဲ။
လူတွေက ချစ်တာကိုပဲ သံယောဇဉ်လို့ ထင်နေကြတာ။
ကျွန်တော့်အတွက်တော့ မုန်းတာလည်း သံယောဇဉ်ပဲ။
ချစ်တာတစ်ခုတည်းက သံယောဇဉ်တွယ်စေတယ်ဆိုရင် မုန်းတီးခြင်းတွေရဲ့နောက်ကွယ်က သံယောဇဉ်တွေက ပိုပြီးခိုင်မာတယ်။
တကယ်တော့ သံယောဇဉ်ဆိုတဲ့အရာက ချစ်ခြင်း၊ မုန်းခြင်းနှစ်ခုလုံးနဲ့ သက်ဆိုင်ပါတယ်။ လူတစ်ယောက်ကို မချစ်ရရင် မနေနိုင်သလို လူတစ်ယောက်ကို မမုန်းရရင် မနေနိုင်တာမျိုးပေါ့။ ဥပမာ ကိုယ်မုန်းတဲ့ လူတစ်ယောက်က ကိုယ့်ထက်သာလွန်ပြီး ပျော်ရွှင်နေမလား၊ စိတ်ဆင်းရဲနေမလား၊ ဒါတွေကို စိတ်ထဲက လိုက်မှတ်ပြီး သူ့ရဲ့ စိတ်ခံစားချက်တွေကို ကောက်ချက်ချ မုန်းနေမိတာ။
သူဘာလုပ်လုပ်ကို စိတ်ကအလိုမကျပြီး မုန်းနေတာ ဘယ်ဘဝက ရေစက်များကြောင့်ပါလိမ့်။
နှစ်တွေသာကြာသွားတယ်။ ဒီလူကို မုန်းတဲ့အမုန်းတွေက မြူမှုန်တစ်စက်လေးတောင် မပျောက်ကွယ်သွား။
ကိုဇက်.. ခင်ဗျား အချစ်က သိပ်အတ္တဆန်လွန်းတယ်။
ကျွန်တော် အဲ့လူဆီက ထွက်ပြေးလာခဲ့တာ တစ်နှစ်ကျော်တောင်ရှိသွားပြီပဲ။ ကျွန်တော်မရှိပဲ သူဘယ်လိုနေနေမလဲ စဉ်းစားမိပါရဲ့။
အတူရှိနေစဉ်ကတောင် လက်ကိုကြိုးတုပ်ပြီး တိရစ္ဆာန်တစ်ကောင်လို အခန်းကျဉ်းထဲ ပိတ်လှောင်ခံထားခဲ့ရတာ။ အခုသူ့မှာ အဲ့လိုပိတ်လှောင်စရာ ကျွန်တော်မရှိတော့ ဘယ်လောက်တောင်များ မခံချိမခံသာဖြစ်နေမလဲမသိ။
ВЫ ЧИТАЕТЕ
Love in Hate [Season-1+2]
Любовные романыHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)