သူနာပြုများယောက်ယက်ခတ်နေသော အရေးပေါ်အခန်းရှေ့ကိုဖြတ်လာပြီး ဓာတ်လှေကားမှတစ်ဆင့် ၃လွှာကို တက်သွားသော Zack မှာ အနက်ရောင်ဂျာကင်ကို ဝတ်ဆင်ထားသည်။
ရန်ကုန်မှစထွက်ကတည်းကယူလာသော ထိုဂျာကင်ခပ်ထူထူကို ရှမ်းပြည်နယ်ထဲရောက်သည်နှင့် ဝတ်ဆင်ထားပြီးဖြစ်သည်။
Message မှ တစ်ဆင့် Eric ပို့ပေးသော အခန်းနံပါတ်အတိုင်းဝင်သွားလိုက်တော့ ဆေးရုံကုတင်ပေါ်တွင် နွမ်းလျစွာလဲလျောင်းနေသော ဂျွန့်ကိုတွေ့လိုက်ရသည်။
"ဂျွန်..."
စိုးရိမ်သောကများဖြင့်ခေါ်လိုက်ပြီး ကုတင်နားသွားကာ ဂျွန့်မျက်နှာလေးကို ကြည့်မိသည်။
ဖြူဖတ်ဖြူရော် ချည့်နဲ့နေသောမျက်နှာလေးကိုကြည့်ပြီး တင်းမာနေသော Zack မျက်နှာ လျော့ကျသွားရသည်။
Eric ထပေးလိုက်သော ခုံတွင် ဝင်ထိုင်လိုက်ပြီး ဂျွန့်လက်လေးကို ကိုင်လိုက်သည်။
"ဂျွန်ရယ်.."
ဇေရန်ခအသံများတုန်နေပြီး တိမ်ဝင်သွားသည်။
အခန်းထဲမှ အလိုက်သတိထွက်ပေးသွားသော Eric ၏ တံခါးပိတ်သံမှာ ကျယ်လွန်းလှသည်။
ညင်ညင်သာသာပိတ်ခဲ့တာတောင်မှ နားထဲစည်းချက်သကဲ့သို့ ကျယ်လောင်ကာကျန်နေခဲ့သော ထိုတံခါးအသံမှာ Zack ရင်ကိုပို၍ နာကျင်စေသလိုဖြစ်နေသည်။
ဂျွန့်လက်ကိုတင်းကြပ်စွာ ကိုင်လိုက်ပြီး မျက်လုံးများကို မှိတ်ချလိုက်သည်။
မျက်ဝန်းထောင့်မှ ခိုတွဲနေသော မျက်ရည်ဥလေး ပါးပြင်ထက် နှေးကွေးစွာကျဆင်းလာသည်။
မျက်လုံးပြန်ဖွင့်ကြည့်လိုက်တော့ ဂျွန့်လက်မှထိုးထားသော အပ်များကိုနာကျည်းစွာတွေ့လိုက်ရသည်။
"တောက်..."
မျက်ရည်က်ိုအကြမ်းပတမ်းသုတ်ကာတောက်ခေါက်ပြီး အခန်းထဲမှထွက်လာသည်။
အခန်းပေါက်ဝတွင်ရပ်စောင့်နေသော Eric နှင့်တွေ့တော့ အရမ်းသိချင်နေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်သည်။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)