စုံလင်သောမီးရောင်တွေရဲ့လှုပ်ရှားမှုအောက်မှာမူးဝေကာမေ့မောနေတဲ့ Hazel.
ကခုန်နေတဲ့လူတွေကြားထဲမှာမှပုလင်းခွံများရှေ့မှောက်ကာလဲနေတဲ့ Hazel ကိုမည်သူမှသတိမမူမိကြခင် Vibrate သံကြောင့်ဆတ်ခနဲတုန်သွားပြီးမြည်နေသောဖုန်းအားခနော်ခနဲ့ဖြင့်ကိုင်လိုက်သည်။
📱Hello..📱
📱သမီး အိမ်ပြန်လာတော့လေ ဘယ်တွေသွားနေတာလဲ မိုးချုပ်နေပြီ Zack လည်းပါတာမဟုတ်ဖူး.. ပြန်လာတော့လေ သမီးHazel..📱
ဖုန်းမှတစ်ဆင့်မိခင်ဆီမှစိတ်ပူသံဖြင့်မေးခံရခြင်း။
📱အေ့..Zack?? Haha.. အဲ့ဒီလူကြီးအကြောင်းမပြောစမ်းပါနဲ့ Mommy ရာ ရွံလွန်းလို့...📱
ကိုယ်ပေးခဲ့သမျှအချစ်လောက်ပြန်မရတော့စိတ်နာနာဖြင့်ပြောမိခြင်းဖြစ်သော်လည်းအချစ်တွေကတော့မလျော့သေးဘူးဆိုတာသောက်၍ကုန်သွားသော Alcohol များအသိပင်။
📱Hazel..သမီး မူးနေပြီ... အခုဘယ်မှာလဲ..? သွားနေကျ bar ပဲမလား? Mommy လာခေါ်မယ်..📱
Zack ပါမှစိတ်ချတတ်သောအမေဖြစ်သူဟာလည်းသမီးချောချောလေးအားစိတ်မချပဲသွားခေါ်ရန်ပြောလိုက်ခြင်းဖြစ်သည်။
📱ကိုယ့်ဘာသာကိုယ်ပြန်လာတတ်ပါတယ်..Mommy ကလည်း.. Hazel ကအရွယ်ရောက်နေပြီပဲဟာကို အေ့..📱
📱 မဖြစ်ဖူး Mommy အခုလာပြီ 📱
ထို့နောက်ရီဝေနေသော phone screen ပေါ်မှအကြည့်များသည် Call declined ဖြစ်သွားလေသည်။
မူးနောက်နောက်ဖြင့်ထပ်သောက်ရန်ခွက်အားကိုင်လိုက်သော်လည်းတစ်စက်မှမကျန်တော့သောခွက်အလွတ်ကသာ Hazel အားဟားတိုက်နေသည်။
ခဏကြာသောအခါဒူးလောက်ရှိသောစကတ်၊အကျႌလက်ပြတ်နှင့်မိန်းမတစ်ယောက်ရောက်လာသည်။
Model ၏အမေဖြစ်သည့်အပြင်ချောမောလှသောသမီးအားမွေးထုတ်ထားသောချောလှလွန်းသူ Hazel ၏မိခင်ဆိုက်ရောက်လာပြီဖြစ်သည်။
ကားသော့အားကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားပြီး Hazel ဆီဦးတည်ကာလက်ကိုဆွဲ၍-
"လာ သွားမယ်!"
"ခဏနေပါဦး Mommy ရဲ့ သောက်လို့တောင်မဝသေးဘူး.."

ŞİMDİ OKUDUĞUN
Love in Hate [Season-1+2]
RomantizmHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]