ညနေစောင်းကနေညဘက်ကိုတစ်ဖြည်းဖြည်းကူးသန်းလာချိန်ကျနော်မောင်းနေတဲ့ကားလေးဟာလည်းဦးတည်ရာအိမ်ကိုတစ်ဖြည်းဖြည်းဆိုက်ရောက်လာခဲ့တယ်။
တစ်နေကုန်မီးအလင်းရောင်ရှေ့မှာမရိုးနိုင်သော post မျိုးစုံကိုပေးပြီးနောက်ပင်ပန်းလာတော့ရောက်တာနဲ့ကုတင်ပေါ်ပစ်လှဲချလိုက်ပြီးလေတစ်ဝကြီးမှုတ်ထုတ်လိုက်တယ်။
အမောပြေမှရေချိုးခန်းထဲဝင်ပြီးရေချိူးခြင်းဆီသို့......
ရေပန်းကကျလာတဲ့ရေတွေကိုတစ်စိမ့်စိမ့်ဇိမ်ခံရင်းနေ့လည်ကကြောင်းတွေကိုတွေးနေမိတယ်။
ကိုericနဲ့နေ့လည်စာစားခဲ့တာဒါပထမဆုံးပဲ...ကျနော်ဂျွန့်ကိုagencyကိုခေါ်လာပြီးကတည်းကသူနဲ့သိခဲ့ပေမယ့်ဒီနေ့မှတကယ့်ရင်းနှီးမှုကိုရရှိခဲ့တာ...သူကတကယ်ကိုစိတ်ထားကောင်းတာပဲ...ဂျွန့်အပေါ်ကိုလည်းတကယ့်အကိုရင်းတစ်ယောက်လိုဂရုစိုက်ပေးတယ်။
တွေ့လိုက်တိုင်းပြုံးပြနှုတ်ဆက်ရုံအဆင့်ကနေနေ့လည်စာအတူစားတဲ့အဆင့်ထိရောက်လာလိမ့်လို့မထင်ထားခဲ့မိဘူး။
ရေချိုးရင်းနဲ့တွေးလာလိုက်တာအအေးတောင်ပတ်တော့မယ်...မေ့နေတာ...သူ့ကိုလည်းဖုန်းဆက်ရဦးမှာပဲ။
ဒီလိုနဲ့စိတ်ပူအောင်လုပ်မိတော့မယ် TT မဖြစ်သေးဘူး အခုဆက်မှ....
ဖုန်းကခေါ်နေတယ် မကိုင်သေးဘူး....
ထပ်ခေါ်တယ် မကိုင်သေးဘူး...
မစောင့်နိုင်တာနဲ့ကျနော်ထမင်းစားလိုက်တယ်။
စားပြီးလို့ထပ်ဆက်ကြည့်တယ် မကိုင်ပြန်ဘူး...
သူဘာတွေများအလုပ်ရှုပ်နေလို့လည်းမသိဘူး....
ခဏနေတော့ထပ်ခေါ်လိုက်မှကိုင်တော့တယ်။
"hello??"
"ommx zion အကိုကားမောင်းနေလို့"
"အော်...ဟုတ်...ကျနော်အိမ်ရောက်ပြီပြောမလို့..."
"ဟုတ်လား?? ကိုလည်းအခုပဲရောက်တာ...zion စောစောပြန်သွားတာမလား? ဘာလို့နောက်ကျတာလဲ"
"မဟုတ်ဖူး ကျနော်ဖုန်းဆက်ဖို့မေ့ပြီးရေချိုးနေလို့..."
"အော်...ommx ရပါတယ်"
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)