ပူနွေးသောလျှာထဲစီးမျောနေသော နှုတ်ခမ်းတစ်စုံကို မက်မောစွာစုပ်ယူရင်း သွယ်လျသောခါးလေးကို ကြင်နာစွာဖက်တွယ်ထားသည်။
ပိန်လှီသော ကိ်ုယ်လေးဟာ Eric ရဲ့ လက်ချောင်းရှည်ကြီးများထဲ နစ်မြုပ်နေသည်။
သေးသွယ်သော Ken ရဲ့ ခါးလေးကိုဖက်ထားရင်း အနမ်းများကို ဆုပ်ကိုင်ထားသည်။
လျှာများကိုစုပ်ယူဆော့ကစားနေရင်း ခါးမှကိုင်ကာ လဲချလိုက်သည်။
ပက်လက်လေးကျသွားသော Ken ရဲ့မျက်ဝန်းများမှာ စိုးရိမ်စိတ်သန်းနေသည်။
မျက်လုံးလေးပြူးကာ Eric ကိုကြောင်ကြည့်နေပြီး ကြောက်နေမိသည်။
"ကြောက်တယ်.."
"မကြောက်ပါနဲ့ Ken.. ကိုယ့်ကို ကိုင်ထား..."
ဂျပန်ရဲ့အေးခဲလှတဲ့ဆောင်းညဟာ အိမ်ခေါင်မိုးတွေပေါ်မှာ နှင်းများဖုံးနေတတ်သော်လည်း အိမ်အတွင်းထဲမှ အချစ်ငွေ့များနှင့် နွေးထွေးနေတော့သည်။
ကလောမြို့အနှံ့ပတ်ကြည့်ပြီးတော့ စိုင်းလင်းထက်ရဲ့ ကားလေး အိမ်သို့ဦးတည်မောင်းနှင်နေသည်။
"Zion ဒီနေ့ပျော်ခဲ့ရဲ့လား..."
"ဟုတ်.. ကလောမြို့ကတော်တော်လှတာပဲနော်.. ကျွန်တော်တောင် ဒီမှာနေချင်သွားပြီ.."
မီးပွိုင့်မိနေတုန်း Zion ဘက်လှည့်ကာမေးလိုက်တော့ သဘောတကျပြုံးရယ်ကာ ပြန်ပြောသည်။
Zion ပျော်နေတာတွေ့တော့ စိုင်းလည်းအလ်ိုလိုပျော်ရသည်။
ရယ်ရယ်မောမောမရှိတဲ့ Zion မျက်နှာပေါ်က ပြုံးရွှင်နေပုံလေးဟာ စိုင်းအတွက် ကြည်နူးစေသည်။
"Wellington ကို မပြန်ချင်တော့ဘူးလား Zion က.."
"အင်း.... မသိတော့ပါဘူး..."
စိုင်း ပြောလိုက်တော့ စဉ်းစားနေသောအသံနှင့် ပြန်ဖြေလာသည်။
"ကိုစိုင်းက ဟိုမှာအလုပ်ရှိသေးတယ်မလား..."
"အင်း ဒါပေမယ့် ရန်ကုန်ကိုပြန်ပြောင်းဖြစ်မယ် ထင်တယ်.."
"ဟုတ်လား ဘာလို့လဲ.."
Zion မေးသော အကြောင်းပြချက်ကို စိုင်း ချက်ချင်းမဖြေနိုင်ခဲ့။
STAI LEGGENDO
Love in Hate [Season-1+2]
Storie d'amoreHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)