"ကိုဇက်.."
ဂျွန်တစ်ခါမှ မမြင်ဖူးသေးတဲ့ CEO အသစ်ဟာ မထင်မှတ်ထားသောသူ ဇက် ဖြစ်နေမှန်း သိလိုက်ရသည်။
မီးရောင်မှိန်မှိန်သာထွန်းထားသော အခန်းကျယ်ထဲတွင် Zack မျက်နှာကို ရှင်းရှင်းလင်းလင်းမမြင်ရသော်လည်း သူ့အပေါ်တွင်အုပ်မိုးထားသောသူသည် တစ်ချိန်က ဒီလိုပဲအုပ်မိုးခဲ့သူ ကိုဇက်ဖြစ်ကြောင်း ချက်ချင်းသိလိုက်ရသည်။
"ခင်ဗျား.."
ဂျွန်စိတ်နာနာနှင့်နှုတ်ခမ်းကိုဖိကိုက်ကာပြောမိသည်။သူ့စိတ်ထဲတွင် Zack ကိုမုန်းတီးမှုက ယခုချိန်ထိရှိနေသေးသည်။ နည်းနည်းမှမလျော့သွားသော Zack အပေါ်ခါးသီးစွာမုန်းတီးမှုသည် ယခုအနေအထားတွင် အဆိုးဆုံးဖြစ်နေသည်။
"ဟက်...မတွေ့ရတာတောင် တော်တော်ကြာနေပြီပဲ ဂျွန်... မင်းကပိုပိုပြီး ချစ်ဖို့ကောင်းလာသလိုပဲ..."
"ခင်ဗျား ပါးစပ်ပိတ်ထား...."
မျက်စောင်းတစ်ချက်ဖြင့် Zack ကိုကြည့်ကာပြောလိုက်သည်။ သို့သော် Zack ဘက်မှလှောင်ပြုံးတစ်ခုသာ ဂျွန် ပြန်ရလိုက်သည်။ သူ့လက်များကိုတော့ချုပ်ထားဆဲ။
"ငါကအခုမင်းရဲ့ CEO ဆိုတာရော သိရဲ့လား...."
"ခင်ဗျား ကျွန်တော့်ကို ခေါ်တာ ဒီအတွက်လား..."
ဂျွန် မျက်နှာကိုရှုံ့မဲ့စွာပြောရင်းသူ့အရှေ့မှ CEO ဖြစ်သူ Zack ကို ကြည့်လိုက်သည်။ ဂျွန့်မျက်နှာတွင် မုန်းတီးရွံရှာမှုများကအပြည့်နေရာယူထားလျက်လည်းရှိနေသည်။
"ဟုတ်တယ်ဆိုရင်ရော..."
"အခုချက်ချင်းလွှတ်..."
"Hahahaha...."
စက်ဆုပ်ဖွယ်ကောင်းသောကျယ်လောင်သည့်ရယ်သံဖြင့် အနိုင်ရသူပီပီ Zack ရယ်မောလိုက်သည်။
"မင်းကငါ့ Agency က Model ဆိုတော့ ငါနဲ့တစ်ညတော့ အိပ်ဖူးရမယ်လေ ဟုတ်တယ်မလား.....Haha.."
ယုတ်မာလွန်းသောအောင်နိုင်သူအလား ပြောနေပုံမှာ အလွန်ပင် အမြင်ကတ်စရာကောင်းလှသည်။
"ခင်ဗျား ဒါတွေကို အကွက်ကျကျ စီစဉ်ထားတာမလား..."
"Haha အကွက်ကျကျ စီစဉ်စရာမလိုပါဘူး...ငါဖြစ်ချင်နေတဲ့အကွက်တွေက ငါ့လက်ထဲ အလိုလိုကို ကျလာတာ....Hahaha...."
ВЫ ЧИТАЕТЕ
Love in Hate [Season-1+2]
Любовные романыHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)