မီးခိုးလုံးကြီးများသကဲ့သို့ တိမ်များသည် အပြာနုရောင်ကောင်းကင်ထက် ရွေ့လျားနေသည်။
လေနီကြမ်းကြောင့် ပြတင်းပေါက်မှန်ကို ပိတ်ကာ လိုက်ကာကို ဆွဲချလိုက်သည်။
ကုတင်ပေါ် ခြေတင်ထိုင်၍ အတိတ်မှ မှတ်ညဏ်များကို ပြန်ခေါ်ယူရန်ကြိုးစားနေသည်။
သတိမရနိုင်သော ထိုအတိတ်ကို Zion သိချင်နေမိသည်။ အတိတ်မှာ သူဘာတွေဖြစ်ခဲ့လဲ။ ဘယ်လိုတွေ ရုန်းကန်ခဲ့ရလဲ။ ဘယ်လိုအကြောင်းတွေ ရှိခဲ့လဲ။
ညတိုင်းမအိပ်ပဲ စဉ်းစားခဲ့သော်လည်း ခေါင်းကိုက်လာသည်သာ အဖတ်တင်သည်။ နည်းနည်းလေးမှ စဉ်းစားမရ။
တစ်စက်ကလေးမှ မမှတ်မိ။
ကွဲကြေနေသော မှန်ဖြင့် ဖုန်းအဟောင်းကိုလည်း လွှင့်ပစ်ခဲ့ရပြီး အသစ်တစ်လုံးသာ ဝယ်ခဲ့ရသောကြောင့် အတိတ်မှအကြောင်းအရာများကို အစပင်ရှာမရ။
"Zion..ကိုယ်ဝင်လာမယ်နော်.."
"ဟုတ်.."
"နွားနို့လေး သောက်လိုက်.."
Zion အတွက်ပေးထားသော အခန်းထဲဝင်လာ၍ နွားနို့ဖန်ခွက်ကို လင်ပန်းပေါ်မှ စားပွဲပေါ်တင်ပေးလိုက်သည်။
အကျႌစိမ်းပြာရောင်လေးကို ဘောင်းဘီအနက်ဖြင့် ဝတ်ဆင်ထားသော စိုင်းလင်းထက်မှာ လင်ပန်းကို ကိုင်ကာ Zion ကုတင်တစ်ဖက်စွန်းတွင် ဝင်ထိုင်လိုက်သည်။
"ဟို..."
"Zion ဘာပြောချင်လို့လဲ.."
"ဟို.. ကျွန်တော့်ကိုလေ.. အရင်တုန်းကအကြောင်းတွေ ပြောပြပေးလို့ရမလား.."
စိုင်း ပြုံးကာ လင်ပန်းကို စားပွဲပေါ်ချလိုက်သည်။
"Zionက အရင်တုန်းကအကြောင်းတွေ သိချင်နေတာကိုး.."
"ဟုတ်.."
"တကယ်တော့ Zionနဲ့ကိုယ်က ဒီရောက်မှ သိကြတဲ့သူတွေဆိုတော့ ကိုယ်လည်း မသိဘူးဖြစ်နေတာ.. ပြောပြချင်ပေမယ့်လည်း ကိုယ်နဲ့ စတွေ့တာပဲ ပြောပြလို့ ရမယ်.."
"အဲ့ဒါဆိုလည်း ပြောပြပါလား.."
မျက်နှာချင်းဆိုင် တည့်တည့်လှည့်ကာ Zion ကို သေချာပြောပြရန် ပြင်သည်။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)