Eric's POV
ဒီဓာတ်ပုံကကျွန်တော်ငယ်ငယ်တုန်းကပုံပဲ...ဘာလို့အခုချိန်မှာကျွန်တော့်အလုပ်ခန်းထဲရောက်နေရတာလဲ..? ကျွန်တော့်ဆီမှာတောင်မရှိတဲ့ကျွန်တော့်ဓာတ်ပုံကဘာလို့ရုတ်တရက်ကျွန်တော့်ရှေ့ရောက်လာရတာလဲ..?
ည၉နာရီအချိန်အခန်းထဲတွင်ကိုယ့်ဓာတ်ပုံကိုကြည့်၍တစ်ဖွဖွတွေးတောစဉ်းစားနေမိတယ်။
ဘယ်လိုစဉ်းစားစဉ်းစားဒီဓာတ်ပုံကျွန်တော့်ရှေ့ကိုဘယ်လိုရောက်လာလဲဆိုတဲ့အဖြေကိုရှာမတွေ့ခဲ့ဘူး။
**********
Ken's POV
ပထမဆုံးအကြိမ်မြန်မာနိုင်ငံတွင်စတင်အလုပ်လုပ်ရာပထမနေ့တွင်ပဲကျွန်တော်တန်ဖိုးအထားဆုံးအရာလေးကိုပျောက်ဆုံးခဲ့ရတယ်။
ငယ်စဉ်ကတည်းကမြတ်နိုးစွာသွားလေရာယူဆောင်သွားတတ်ပြီးအမြဲကိုယ်နဲ့မကွာသိမ်းထားတတ်သောထိုဓာတ်ပုံလေးဘယ်ကိုများပျောက်သွားရတာလဲ...?
သွားခဲ့သည့်နေရာများကိုစဉ်းစားပြီး Agency တစ်ခုလုံးလိုက်ရှာခဲ့ပေမယ့်မတွေ့ခဲ့။
ဘယ်လိုရှာရှာမတွေ့ခဲ့ပဲဘယ်လိုစဉ်းစားစဉ်းစားဘယ်နေရာမှာကျပျောက်မိမှန်းမသိတော့တဲ့ဒီဓာတ်ပုံလေးကိုဘယ်လိုများပြန်လည်ရနိုင်ပါ့မလဲ...?
*********
အချိန်တွေဟာရေတံခွန်အလားလျင်မြန်စွာစီးဆင်းနေသည့်အလျောက် ken အလုပ်လုပ်ခဲ့သောကာလမှာလည်းနှစ်လတောင်ရှိခဲ့လေပြီ။
Eric သင်ပေးခဲ့သောမြန်မာစကားများကိုလည်းဝဲတဲတဲလေးဖြင့်ပြောတတ်နေပြီဖြစ်သည်။
ထို့အပြင်သူတို့နှစ်ယောက်ရင်းနှီးမှုများလည်းပို၍တိုးလာလေသည်။
Eric ၏စိတ်ထဲတွင်အချိန်ပြည့်နေရာယူစိုးမိုးနေတတ်သော zion ကိုလည်းတစ်ခါတစ်လေချစ်ဖို့ကောင်းအောင်အသံဝဲတဲတဲလေးဖြင့်ပြောတတ်သော ken ကြောင့်မေ့တတ်လာလေသည်။
သို့သော်ကံကြမ္မာ၏အပြောင်းအလဲနှင့်အချစ်၏ပရိယာယ်မာယာမှာအရမ်းကိုထူးဆန်းလွန်းလှသည်။
ဂျွန်မှဂျွန်ဖြစ်ခဲ့ရသော zion ၏စိတ်နှလုံးအစုံကို eric ကစိုးမိုးပိုင်ဆိုင်ထားလျက်ရှိနေပြီဖြစ်သည်။
ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]