အပိုင်း (၁၅)

1.5K 92 1
                                        

Eric's POV

မနက်ခင်းရဲ့အငွေ့အသက်လေပြေလေညင်းဟာကျနော့်အခန်းထဲကိုတိုးဝင်လာပြီးနောက်ပိုင်းအိပ်ရာကချက်ချင်းထလိုက်တယ်။

ဒီနေ့ကျမှထူးထူးဆန်းဆန်းမနက်ခင်းဟာမသာယာသလိုပဲ။ မနက်တိုင်းကျရောက်လာတဲ့လေအေးတွေဟာစိတ်ကိုကြည်လင်လန်းဆန်းစေသော်ငြားဒီနေ့အဖို့တော့မှိုင်းတိုင်းတိုင်းဖြစ်နေတယ်။

ပြင်ဆင်စရာရှိတာပြင်ဆင်ပြီးနောက်အလုပ်ကိုထွက်လာခဲ့တယ်။

မသာယာတဲ့မနက်ခင်းတစ်ခုဟာစထွက်ကတည်းကကားပိတ်တော့တာပဲ။ အမြဲလမ်းကြောရှင်းအောင်ဖြတ်လမ်းကမောင်းတတ်တဲ့ကျနော်ဟာဒီနေ့မှဘာလို့လမ်းမကြီးကမောင်းမိပါလိမ့်? မိုးလင်းကတည်းကစိတ်မကြည်သလိုဖြစ်နေလို့နဲ့တူပါတယ်။

သို့သော်လည်းအစောဆုံးရောက်ရှိခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့စောစောထွက်လာလို့ပဲ။ ရာသီဥတုကကျနော့်တစ်ယောက်တည်းကိုကွက်ပြီးမိုးအုံ့နေတာကြောင့်စောစောထွက်လာခဲ့မိတာ။

ရောက်တာနဲ့စာချုပ်စာတမ်းကိစ္စတွေရှင်းရင်းအခန်းထဲမှာကော်ဖီသောက်ကာတစ်ယောက်တည်းထိုင်နေတယ်။

ခဏကြာတော့ဖုန်းတစ်callဝင်လာတယ်။

"ဟလို??"

"ဟလို ကိုericလား? ကျနော် zion ပါ"

"......"

zion ကဘာလို့မနက်စောစောစီးစီးကျနော့်ဆီဖုန်းဆက်ရတာလဲ?? မဟုတ်တဲ့အတွေးတွေကဝင်လာပြန်ပြီ။ ဘာလို့သူနဲ့ပက်သက်ရင်အမြဲရူးသွပ်နေရတာလဲ? ဘာမဟုတ်တဲ့ဖုန်းလေးဝင်လာလို့ကိုင်လိုက်မိတာကိုသူ့အသံကြားရုံနဲ့ကယောင်ချောက်ချားတွေပါဖြစ်ကုန်တာကျနော်လွန်လား? ဘာလို့ငါ့ကိုဆက်တာလဲ? ဆိုတဲ့မဟုတ်တဲ့အတွေးကခေါင်းထဲမှာအပြည့်မဖြစ်နိုင်တာတွေကိုစိတ်ကူးယဉ်ပြီးစိတ်လှုပ်ရှားစွာနဲ့ဖုန်းကိုကိုင်လိုက်တော့သူ့ဘက်ကပြောလာတာက....

"ဟုတ်တယ်zion ဘာဖြစ်လို့လဲ?"

"ဂျွန်လေ ဒီနေ့မလာဖြစ်တော့ဘူးအကို သူကျနော့်အိမ်မှာနေတုန်းနှစ်ယောက်သား game လေးဘာလေးဆော့ရင်း....ဟို....အဲ့တာ...ဒီနေ့တစ်ရက်နားပေးပါလားအကို? သူ့အစားပြောပေးတာပါ..."

Love in Hate [Season-1+2]Where stories live. Discover now