နီညိုရောင်ပန်းရိုက်ထားသော မှန်တံခါးကိုတွန်းဖွင့်ကာ Eric Hein ဆိုင်ထဲဝင်လာသည်။
ကျောပေးထိုင်နေသော Zack ဘေးတွင် ဝင်ထိုင်ကာ နေကာမျက်မှန်ကိုချွတ်၍ စားပွဲပေါ်တင်လိုက်သည်။
စားပွဲထိုးလာချပေးသော Menu ကို အပြန်ပြန်အလှန်လှန်ကြည့်ရင်း အငွေ့တစ်ထောင်းထောင်းထနေသော ကော်ဖီခွက်ကို ယူကာ တစ်ငုံမော့လိုက်သော Zack ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
Latte တစ်ခွက်ကိုမှာလိုက်ပြီး ပြန်ထွက်သွားသော စားပွဲထိုးနောက်ကျောကို ကြည့်ကာ ဖုန်းကိုထုတ်လိုက်သည်။
စားပွဲထိုးလေးဝတ်ထားသော Uniform ကို ဖုန်းဖြင့်ဓာတ်ပုံလှမ်းရိုက်လိုက်ပြီး ပြုံးကာကြည့်နေသည်။
"အဲ့ဒါဘာလုပ်တာလဲ.."
အခြေအနေအစအဆုံးကိုကြည့်နေသော Zack က လေသံခပ်မာမာဖြင့်မေးလိုက်သည်။
"Ken ကို ပြမလို့ပါ.. Design လေးက မိုက်လို့.."
"အခုချိန်မှာ အဲ့ဒါတွေ လုပ်နေရမှာမဟုတ်ဘူး.. မင်းကို ဒီကိုခေါ်တာ ဂျွန့်ကိစ္စမေးဖို့.. သူများအကျႌတွေကို ဓာတ်ပုံလာရိုက်ဖို့ မဟုတ်ဘူး.."
Eric Hein တစ်ချက်ပြုံးလိုက်သည်။
"ခင်ဗျားက ဂျွန်နဲ့ ပက်သက်လာရင် တော်တော်ဆတ်ဆတ်ထိမခံတာပဲဗျ.. Haha.."
"သူ ဘယ်ကနေ ဘယ်လို စ ဖြစ်တာလဲ.. Zion နဲ့ ဘယ်လိုတွေ့တာလဲ.. အစအဆုံး ငါ့ကိုပြော.."
စားပွဲပေါ်ရောက်လာပြီဖြစ်သော Latte ခွက်ကိုယူကာ တစ်ငုံမော့ပြီးမှ Zack အမေးကို ပြန်ဖြေရန် စဉ်းစားနေသည်။
"စက်ရုံမှာ Photo Shooting ကိစ္စတွေပြီးတော့ အဲ့ဒီမှာပဲ Zion နဲ့ တွေ့တာပဲ... သူ စက်ရုံကို ဘယ်လိုရောက်လာလဲတော့ မသိပေမယ့် စက်ရုံပိုင်ရှင်အဒေါ်ကြီး သားနဲ့ အတူရှိနေတာတော့ သတိထားမိလိုက်တယ်.."
"စက်ရုံပိုင်ရှင် သား.. ဟုတ်လား.."
Zack သိချင်စောဖြင့် မေးခွန်းများထွက်လာသည်။
"ဟုတ်တယ်.. Agency တူတူပဲ.. ဒါပေမယ့် New Zealand ရုံးကတဲ့... Designer ဆိုလားပဲ..."
စိုင်းလင်းထက်ဆိုတာ Zack သဘောပေါက်သွားပြီး နေရာမှ ထရပ်လိုက်သည်။
VOUS LISEZ
Love in Hate [Season-1+2]
Roman d'amourHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)