အပိုင်း (၅၄)

500 39 3
                                        

နို့နှစ်ရောင်မွေ့ယာလေးထက် လိုက်ဖက်စွာအိပ်မောကျနေသော ဂျွန့်ကို ဆိုဖာပေါ်ကနေ တစ်ိမ့်စိမ့်ကြည့်မိနေသော Zack.

ဆေးရုံတက်ရတာပင်ပန်းခဲ့တဲ့အပြင် စိတ်ပင်ပန်းမှုတွေကြောင့် ဂျွန်တစ်ယောက် နွမ်းလျနေပြီ။

အချစ်ဆိုလျင် အချစ်တစ်ခုတည်းက်ိုသာမြင်တော့သော Zack မှာတော့ ဂျွန့်ရဲ့အဆက်ဟောင်း Zionကို မကျေမနပ်ဖြစ်နေသည်။

Zion ကြောင့် ဒီလိုဖြစ်ရတယ်ဟု တထစ်ချမှတ်ယူကာ ဂျွန့်အတွက် ကလဲ့စားချေပေးချင်နေသည်။

ဒီလိုအရာမျိုးတွေကို ဂျွန်မကြိုက်ဘူးဆိုတာလည်း မမြင်နိုင်တော့ပဲ မွှန်ထူနေတော့သည်။

ဂျွန့်ကိုချစ်တဲ့ Zack ရဲ့အချစ်က တခြားသူတွေကိိုုပါ မကောင်းမြင်စေခဲ့သည်။

ရှည်လျားကော့ပြန်သောမျက်တောင်များလှုပ်စပြုလာတော့ ထိုင်နေရာမှ Zack ထရပ်လိုက်သည်။

"နိုးပြီလား.. ဂျွန်.."

"အာ... ကျွန်တော် အိပ်ပျော်သွားတာလား.."

အိပ်ပျော်လို့ပျော်သွားမှန်းတောင်မသိတော့တဲ့ ဂျွန်သည် စိတ်ရောလူရော တကွဲတပြားစီဖြစ်နေပြီ။

"ဟုတ်တယ်.. ဂျွန်ဖာပေါ်မှာအိပ်နေလို့ ကိုယ်ကုတင်ပေါ် ရွေ့ပေးထားတာ.."

Zack ပြောလိုက်သောစကားကြောင့် ဂျွန်လန့်သွားသည်။

"ဗျာ....ကျွန်..ကျွန်တော့်ကို ချီပြီးတော့လား.."

"ဒါပေါ့.."

ပြောရင်းနှင့်ဖြီးနေသော Zack ရုပ်ကိုကြည့်မရ၍ အကြည့်များလွှဲကာ နေရထိုင်ရခက်နေသည်။

Zack မှာတော့ ပြုံးစိစိနှင့် သဘောကျနေသည်။

ဒါတောင် ပါးလေးကို ခိုးနမ်းခဲ့တာ ဂျွန်မသ်ိသေး။

သိများသိလျင် ရေထဲကငါး ကုန်းပေါ်ရောက်သလို ဖျပ်ဖျပ်လူးနေပေဦးမည်။

ရင်ခွင်ကျယ်ကြီးထဲ ခိုအောင်းနေသော ပိန်ပိန်သေးသေးနှင့် Ken ဆိုသော ကောင်လေးမှာ မျက်ရည်များတိတ်သွား၍ မျက်ခမ်းများခြောက်သွေ့နေသည်။

Love in Hate [Season-1+2]Where stories live. Discover now