အပိုင်း (၂)

4.3K 193 4
                                        

ဟွန်းတီးသံများအကြားရန်ကုန်မြို့လည်ခေါင်စည်ကားရာအရပ်တွင်ရှိနေသော Modeling Agency Starlight ရဲ့အဝင်ဝမှာဆိုရင်ဖြင့်ဆယ်ကျော်သက်ကောင်မလေးများတစ်ရုန်းရုန်းနှင့်အထဲကထွက်လာမည်ဟန်ရှိနေသောလူအုပ်များကြားကိုမျှော်ကြည့်နေကြစဉ်~

အရပ်ရှည်ရှည်ကိုယ်ရည်ဆစ်ဆစ်ဆံပင်ကိုသပ်ရပ်စွာဖြီးလိမ်းပြင်ထားသည့်လူတစ်ယောက်ဟာဘေးမှခပ်ချောချောကောင်လေးကိုတွဲ၍အထဲမှထွက်လာသောအခါ~

မိန်းကလေးငယ်များတစ်အုန်းအုန်းနှင့်အနားကပ်လာကာကောင်လေးကိုဓာတ်ပုံများရိုက်ကြသည်။

အရှေ့မှာလုံခြုံရေးများဟာလည်းတတ်စွမ်းသလောက်တားဆီးပိတ်ပင်နေကြသည်။

လုံခြုံရေးများတားသော်လည်းလူအုပ်ကြီးမှာတစ်ဖြည်းဖြည်းများလာကာတစ်ဖျက်ဖျက်နှင့်ဓာတ်ပုံများသာအဆက်မပြတ်တိုးဝှေ့ရိုက်နေကြသည်။

"သူကဂျွန်တဲ့လား? ချစ်စရာလေး မိန်းကလေးကျနေတာပဲ"

"နုဖတ်နေတာပဲ"

"အခုမှ debut model မလား? ဘယ်ကိုသွားမလို့လဲမသိဘူးနော်"

"ချောလိုက်တာ oppaaaaaaaaaaaaa"

"ဟဲ့ ဘာoppaလဲ"

"ချစ်ဖို့ကောင်းလိုက်တာ😭😭😭 မိန်းမရှုံးတယ်😱"

ကျယ်လောင်စွာထွက်လာသောအသံများကိုဂျွန်ရော သူ့ကိုတွဲခေါ်လာသူဘေးကmanagerပါကြားသွားသည်။

သို့သော်သူတို့အပြုံးမပျက်ပဲကားပေါ်တက်ခဲ့ကြသည်။

ကျန်ခဲ့သောကောင်မလေးများမှာကားနောက်သို့ပြေးလိုက်ကာဓာတ်ပုံများအသည်းအသန်ရိုက်ကြသည်။

သူတို့ဘယ်သွားသည်ကိုတော့မည်သူမျှမသိကြချေ...။

>>> Love in Hate <<<

Zion တစ်ယောက် youth magazine အတွက် cover photo ရိုက်ပြီးပြီးချင်းဖုန်းကိုကောက်ကိုင်ကာဂျွန့်ဆီဖုန်းဆက်တော့သည်။

"Hello ဂျွန် မင်းရောက်ပြီလား? ပင်ပန်းနေပြီလား..? အနားယူလိုက်အုံးနော်"

"ဖြေးဖြေးပြောပါ zion ရယ် မင်းအသံကသာပင်ပန်းနေတာသိလား"

"ငါမင်းကိုစိတ်ပူလို့ပါ"

Love in Hate [Season-1+2]Onde histórias criam vida. Descubra agora