ကလောမြို့ထဲဝင်ရောက်သည်နှင့် တောင်တန်းရှုခင်းအလှဟာ Zion မျက်စိတစ်ဆုံး ကြည့်မဆုံးပေ။
စိမ်းစိုသာယာလှသည့် သဘာဝတောင်တန်းများ၏ အလှတရားသည် စိတ်ထဲအေးချမ်းစေသည်။
တစ်ခါမှမရောက်ဖူးသော ကလောမြို့၏ အလှများကို အံ့မခန်းစွာကြည့်ရင်း ခေါင်းမူးလည်းပြေသွားသည်။
ကြီးမားသောစက်ရုံတစ်ရုံရှေ့ရောက်သောအခါ စိုင်းလင်းထက် ကားကိုထိုးရပ်လိုက်သည်။
ကားပေါ်မှလျင်မြန်စွာဆင်းပြီး Zion ကိုကားတံခါးဖွင့်ပေးသည်။
Zion ကြောင်ကြည့်နေမိသည်။ ထို့နောက်
"ကိုစိုင်း.. ဒါက.."
"ဒါက ကိုယ်တို့မိဘတွေပိုင်တဲ့ ဝိုင်စက်ရုံလေ.."
အလွန်ကြီးမားသောစက်ရုံပိုင်ရှင်သည် စိုင်းလင်းထက်မိဘများဖြစ်ကြောင်းသိလိုက်ရသောအခါ Zion ကိုယ့်နားကိုယ် မယုံနိုင်ဖြစ်သွားသည်။
"Zion နဲ့မိတ်ဆက်ပေးပြီးရင် အိမ်လိုက်ပို့မယ်လေ.. အိမ်မှာဘယ်သူမှမရှိလို့ ဒီကိုအရင်ခေါ်လာတာ.."
"ဪ... ဟုတ်.."
ကားတံခါးကြီးဖွင့်ပြီးအတန်ကြာရပ်စောင့်နေသော စိုင်းလင်းထက်ကိုအားနာရကောင်းမှန်း အခုမှသိပုံရသည်။
ကားထဲတွင်ထိုင်ကာတွေဝေနေပြီးမှ အမြန်အပြင်ထွက်ပေးလိုက်သည်။
"Sorry ကိုစိုင်း.."
"ရပါတယ် Zion.. လာလေ.. အထဲဝင်ရအောင်.."
"ဟုတ်.."
စက်ရုံထဲဝင်ရန်ခြေလှမ်းများ တုံ့ဆိုင်းနေသည်။
အကြောသေ၍မလှုပ်နိုင်သော ခြေထောက်များပမာ လေးလံနေသည်။
Zion စိတ်တွေ လေးနေသည်။
စက်ရုံထဲသို့ မဝင်ချင်တာလား ဝင်ချင်တာလား ကိုယ့်စိတ်ကိုယ် ဝေခွဲမရဖြစ်နေသည်။
ဘာလို့သူ့ခြေထောက်တွေ နှေးကွေးလေးလံနေရမှန်း သူ့ကိုယ်သူ မသိ။
အရှေ့မှသွားနှင့်ပြီဖြစ်သော စိုင်းလင်းထက်၏လျင်မြန်သော ခြေလှမ်းများက်ိုကြည့်ပြီး အတုယူရန်ကြိုးစားသော်လည်းမရ။

ВЫ ЧИТАЕТЕ
Love in Hate [Season-1+2]
Любовные романыHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]