John's POV
မပြောမဆိုနဲ့ကျနော်အိပ်ခန်းထဲကိုဝင်သွားပြီးကုတင်ပေါ်မှာလဲနေလိုက်တယ်။
တစ်စက်မှမလျော့သေးတဲ့ထမင်းပန်းကန်နဲ့ zion ကတော့ထမင်းစားခန်းထဲမှာကျန်ခဲ့တယ်။
ညနေကကိစ္စကြောင့်ဒေါသအရှိန်မပြေသေးပေမယ့်နာကျင်မှုကလည်းရှိနေတာကြောင့်ကျနော်ကြိုက်တဲ့ဟင်းနဲ့တာင်ထမင်းစားဖို့စိတ်မပါတော့တာ။
zion ကိုပြောပြချင်ပေမယ့်သူပြသနာရှာမှာလည်းကြောက်ရတယ်။
ပြီးတော့ဒီလိုကိစ္စကိုလွယ်လွယ်နဲ့ပြောမထွက်လို့အခုချိန်ထိနှုတ်ဆိတ်နေရတာ။
အခုချိန်မှာနာမည်ကြီး model တစ်ယောက်ဖြစ်နေပြီဖြစ်တဲ့ zion ကိုရန်မဖြစ်စေချင်ဘူး။
အိပ်ရာပေါ်ဘေးစောင်းလဲအိပ်နေရာကနေမျက်လုံးတွေကိုဖြေးဖြေးချင်းစီမှိတ်ချလိုက်တော့လွန်ခဲ့သော၈နှစ်ရှိသို့........။
*flashback*
ကျနော်ဒီနေ့ယမင်းကိုဖွင့်ပြောမယ်လို့ဆုံးဖြတ်ထားတာကြောင့်အသပ်ရပ်ဆုံးဝတ်ပြီးကျောင်းကိုလာခဲ့တယ်။
၈တန်းကျောင်းသားဆိုပေမယ့်လည်းလူကောင်သေးပြီးညှပ်နေသေးတာကြောင့်သူငယ်ချင်းတွေကြားမှာတော့ကျနော့်ကိုသူသိပ်သတိထားမိမှာမဟုတ်ဖူးဆိုတာသေချာတယ်။
ဒါပေမယ့်ယှဉ်ကြည့်ရင်မိန်းကလေးဖြစ်တဲ့ယမင်းထက်တော့အများကြီးရှည်ပါတယ်။
နေ့လည်ထမင်းစားချိန်ရောက်တဲ့အချိန်မှာမုန့်စျေးတန်းကသူအမြဲဝယ်နေကျဆိုင်လေးဆီသို့ကျနော်တစ်ယောက်တည်းဦးတည်လာခဲ့တယ်။
ဖြစ်ချင်တော့အဲ့ဒီမှာကျနော့်ကိုကြည့်မရတဲ့အုပ်စုကယမင်းနားမှာအသင့်ရှိနေတယ်။
ဘာလို့ကျနော့်ကိုကြည့်မရလည်းဆိုတော့သူတို့ကလည်းယမင်းကိုကြိုက်နေကြလို့ပဲ။
သူတို့အုပ်စုထဲကခေါင်းဆောင်ဖြစ်တဲ့အကောင်ကသူနဲ့မတန်မရာယမင်းကိုမှလာချိန်နေတယ်။
ဟိုတခါယမင်းကကျနော့်ကိုစာအုပ်ငှားကတည်းကသူတို့အုပ်စုကျနော့်ကိုသတိထားမိတော့တာပဲ။

YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]