Eric's POV
သူတို့နှစ်ယောက်ထွက်သွားတာကိုအနောက်ကနေကျန်ခဲ့သူကျနော်ဟာကြည့်နေရင်းကနေလက်သီးကတော့ဆုပ်ထားဆဲ....။
pizza ထုပ်ကိုလွှင့်ပစ်လိုက်ပြီးနောက်အံ့ကြိတ်လက်သီးဆုပ်ကြည့်နေရာကနေလှည့်ထွက်လာခဲ့လိုက်တယ်။
အပြင်ပန်းမှာသာဒေါသထွက်နေတဲ့ပုံဖြစ်ပေမယ့်တကယ်တမ်းရင်ထဲမှာတော့အရမ်းဝမ်းနည်းကြေကွဲနေတယ်ဆိုတာဘယ်သူသိနိုင်မှာလဲ.....?
သူနဲ့ရင်းနှီးဖို့ကြိုးစားလာတဲ့ကာလတစ်လျှောက်လုံးမှာအရူးတစ်ယောက်လိုအရမ်းကိုပျော်ခဲ့တယ်။ အရမ်းလည်းမျှော်လင့်ခဲ့တယ်။ ဒါပေမယ့်ဒါတွေအားလုံးကဒီလိုအလကားဖြစ်လာလိမ့်မယ်လို့မထင်ထားခဲ့ဘူး...။
သူကျနော့်ကိုဒီလိုစကားလာပြောလိမ့်မယ်လို့လည်းစိတ်ကူးထဲတောင်ထည့်မတွက်ဖူးဘူး။ ဂျွန်နဲ့အရင်းနှီးဆုံးသူငယ်ချင်းဖြစ်တဲ့သူဟာဂျွန့်ကိုကြိုက်နေတယ်တဲ့လား?အခုထိဘယ်လိုမှမယုံနိင်သေးဘူး...ဂျွန်ပြောပြဖူးသလို zion ကသူ့အပေါ်အရမ်းအနစ်နာခံပြီးအလိုလိုက်တယ်ဆိုတာကသူငယ်ချင်းဆိုတဲ့ဆက်ဆံရေးကြောင့်မဟုတ်ပဲသူငယ်ချင်းထက်ပိုတဲ့ခံစားချက်တွေရှိနေလို့ဆိုတာအခုတော့နားလည်သွားပါပြီ....။
zion...မင်းနဲ့ကိုယ်ကတကယ်ပဲမဖြစ်နိုင်တော့ဘူးလား....? တကယ်ပဲကိုယ့်မှာမျှော်လင့်ချက်မရှိနိုင်တော့ဘူးလား...? အခွင့်အရေးရောရနိုင်ခွင့်ရှိသေးလား...?
Next morning~~
မှိုင်တိုင်တိုင်နဲ့အနှေးကွေးဆုံးခြေလှမ်းများဖြင့် agency ကိုရောက်လာခဲ့တယ်။ တစ်ညလုံးမအိပ်ပဲစဉ်းစားခဲ့တဲ့သူ့အပေါ်ထားတဲ့ကျနော့်ခံစားချက်တွေကြောင့်လည်းလူက panda မျက်လုံးဖြစ်ပြီးဖျားချင်နေပြီ...။
zion...မင်းကတော်တော်အဆိပ်ပြင်းတဲ့အချစ်သစ်ပင်ပဲ...မင်းကိုခူးဖို့ကြိုးစားတိုင်းမင်းဆီကအဆိပ်တွေကကိုယ့်ကိုအမြဲဖျားစေတယ်....။
ဒါပေမယ့်အဲ့ဒီအဆိပ်တွေကိုပဲကိုယ်ကချစ်နေတာ...😑
"ကိုeric mornee"
"ommz"
"နေမကောင်းဘူးလား??"
"သေတော့မှာ😏"

DU LIEST GERADE
Love in Hate [Season-1+2]
RomantikHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]