အပိုင်း (၁၉)

1.4K 83 3
                                    

Zion's POV

မယုံကြည်နိုင်တဲ့စကားတွေကိုကြားရပြီးနောက်ခြေလှမ်းတွေကအလိုလိုtoiletထဲကိုရောက်လာတယ်။

ဘေစင်ကလက်ဆေးနေတဲ့သူ့မျက်နှာဘေးဘက်ကိုမြင်ဖူးနေပေမယ့်အခုချိန်မှာသွေးဆူနေတာကြောင့်ရင်ဘတ်ကနေအကျႌကိုကိုင်ဆွဲလိုက်ကာထိုလူ့ကိုစေ့စေ့ကြည့်ရင်း...

"မင်းကများဂျွန့်ကို....."

တစ်စက်မှတုန်လှုပ်သွားခြင်းမရှိပဲအေးစက်နေတဲ့မျက်လုံးသေနဲ့အကြည့်တွေကိုမြင်ပြီးတဲ့အချိန်မှာတော့ဘယ်သူဆိုတာကျနော်ချက်ချင်းသိသွားတယ်။

ကြောက်ရွံ့ခြင်းမရှိနည်းနည်းလေးမှမလန့်သွားပဲကျနော့်ကိုသူ့ရဲ့အေးခဲတဲ့အကြည့်တွေနဲ့သာကြည့်နေတယ်။

"ကိုဇက်..😳"

သူ့ဘက်ကစကားတစ်ခွန်းတုံ့ပြန်ခြင်းမရှိသေးခင်မှာအနောက်ကတစ်ဖျပ်ဖျပ်နဲ့အသံတွေကြားတာကြောင့်လှည့်ကြည့်လိုက်တော့ media သမားတွေအားလုံး toilet ပေါက်ဝမှာကျနော်တို့နှစ်ယောက်ကိုဓာတ်ပုံတွေရိုက်နေကြပြီဖြစ်သည်။

ထိုအချိန်ကျမှကျနော်လည်းကိ်ုယ့်ကိုကိုယ် model မှန်းပြန်အသိဝင်လာကာအလွန်တရာမှကြောက်လန့်သွားသည်။

ကျနော့်ရဲ့လက်ကကိုဇက်အကျႌကိုတင်းကြပ်စွာဆုပ်ကိုင်ထားပြီးအံ့ကိုကြိတ်ကာရန်ဖြစ်တော့မည့်အလားဖြစ်နေသောပုံရိပ်အား media သမားများလက်ထဲ effect ပေါင်းများစွာနှင့်ရောက်နှင့်နေပြီဖြစ်သည်။

ကျနော်လည်းလက်ကိုပြန်ချလိုက်ကာဘာလုပ်ရမှန်းမသိအူကြောင်ကြားနှင့်အရမ်းကိုစိတ်လှုပ်ရှားနေမိသည်။

ထိုအချိန်ကိုericတစ်ယောက် toiletထဲအသည်းအသန်ဝင်လာကာကျနော့်ကိုလာရှာတော့သည်။

"zion!!!"

"အကို.."

"ကိုဇက်ကလည်းဒီမှာ..."

"....."

ကျနော်ကိုဇက်ကိုကြည့်လိုက်တော့စိတ်လှုပ်ရှားခြင်းမရှိတဲ့အပြင်ကျနော်တို့ကိုလာကယ်တဲ့ကိုericကိုလည်းကျေးဇူးတင်တဲ့အရိပ်အယောင်တစ်စက်မတွေ့။

Love in Hate [Season-1+2]Nơi câu chuyện tồn tại. Hãy khám phá bây giờ