အလုပ်ကိစ္စကြောင့်တစ်လနေလို့တစ်ခါမလာတဲ့ producer အခန်းကိုရောက်လာခဲ့တယ်။
တွေ့လိုက်ရတာကကျနော်တကယ်ကိုရင်းနှီးနေတဲ့သူတစ်ယောက်...
နှစ်ပေါင်းများစွာမိဘအရင်းနဲ့နေလာတာမဟုတ်တော့ဘယ်သူမှန်းမနည်းစဉ်းစားရတယ်။
ဒါပေမယ့်ကျနော့်ကိုယ်စောင့်နတ်ကသတိပေးနေတယ်။ အဲ့ဒီမိန်းမကကျနော့်ရဲ့အမေအရင်းဆိုတာ...
လွန်ခဲ့တဲ့၁၄ နှစ်လောက်ကနဲ့မတူတဲ့ဟန်ပန်အမူအရာအပြောအဆိုတွေကြောင့်ချက်ချင်းတော့မမှတ်မိလိုက်ဘူး။
ဒါပေမယ့်သူ့ကိုတွေ့တာနဲ့ကျနော်စိတ်ဝင်စားမိတာတစ်ခုကသူ့ဘေးကမိန်းကလေးကဘယ်သူလဲ?သူနဲ့ဘယ်လိုပက်သက်တာလဲ?အဲ့ဒီမိန်းကလေးကနောက်ယောကျင်္ားနဲ့ရတဲ့ကလေးများလား?
မဟုတ်သေးဘူး...ကျနော်ဘာလို့အဲ့တာတွေတွေးနေတာလဲ? ကိုယ့်သားအရင်းကိုတောင်ပြစ်ပြီးနောက်ယောကျင်္ားနောက်ပါသွားတဲ့သူကိုကျနော့်အမေလို့လည်းသဘောမထားခဲ့သလိုဒီလိုမျိုးသူနဲ့ဘာတွေပက်သက်နေတယ်ဆိုတာလည်းမတွေးသင့်ဘူး။
ဟူး...သက်ပြင်းတစ်ချက်ချရင်းဒီဘက်ပြန်လှည့်လိုက်တယ်။
"မင်းကဒီမှာဘာလုပ်နေတာလဲ?"
ကိုဇက်..
စိတ်မကြည်နေတဲ့အချိန်သူနဲ့ထပ်တွေ့ပြန်ပြီ...
"ဘာမှမလုပ်ဖူး"
"အခန်းထဲဝင်မလို့မလား"
စိတ်ရှုပ်ရတဲ့ထဲသူကတစ်မျိုး...
"သိရင်လည်းဘာလို့မေးနေသေးလည်းဗျာ"
အဲ့ဒီအချိန်အခန်းတံခါးပွင့်လာပြီး...
"ကိုဇက်..ဒီမှာဘာလုပ်နေတာလဲ? သူကရော??"
အဲ့ဒီမိန်းကလေးကကိုဇက်ကိုသိနေတာလား??
"မင်းကရောဘာလုပ်ဖို့လဲ?"
"hazel က mommy နဲ့ shopping ထွက်ရင်းနဲ့ဒီကိုဝင်လာတာ...mommy က producer နဲ့စကားပြောချင်လို့တဲ့လေ"
mommy?? mommy တဲ့လား?? ဟက်! ကျနော်ထင်တဲ့အတိုင်းသူ့သမီးပေါ့? ပြီးတော့ hazel?? မနေ့က zion ပြောလိုက်တဲ့ကိုဇက်ရဲ့ manager ဆိုတာသူပေါ့? အဲ့တာဆိုသူနဲ့ကျနော်က?? အမေတူအဖေကွဲ?? ဟင့်အင်းး သူ့ကိုကျနော့်အမေလို့မသတ်မှတ်ဖူး။ ကျနော်နဲ့ဘာသွေးသားမှမတော်စပ်တဲ့သူစိမ်း😊
STAI LEGGENDO
Love in Hate [Season-1+2]
Storie d'amoreHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)