ပလတ်စတစ်အိတ်ကောင်းမှုကြောင့်ချော်လဲကာ Ken ၏အပေါ်တွင်နှစ်ယောက်သားမြင်မကောင်းဖြစ်နေကြလေသည်။
ကံကောင်းသည်က Ken အနောက်ရှိကုတင်ပေါ်တွင်နှစ်ယောက်စလုံးကျသွားသောကြောင့်ဖြစ်သည်။
ရုတ်တရက်မို့လန့်သွားသည့် Ken ကလည်း Eric ကိုပြူးကြောင်ကြောင်လေးကြည့်နေပြီး Eric ကလည်းသူ့အောက်တွင်ရှိနေသော Ken ၏ချစ်စရာကောင်းသည့်အနီးကပ်မျက်နှာလေးအားစူးစိုက်ကြည့်နေသည်။
"အူး...."
"......"
သူတို့နှစ်ယောက်အကြည့်ချင်းဆုံနေကြသည့်အပြင်နှစ်ယောက်လုံး၏နှလုံးခုန်နှုန်းများမှာလည်း normal မဟုတ်တော့ပေ။
တစ်ဖြည်းဖြည်းနှင့် Eric မျက်နှာဟာ Ken ၏နှုတ်ခမ်းနားသို့နီးကပ်လာပြီး Ken မှာလည်းနောက်ဆုတ်၍မရသောကြောင့်မျက်နှာကိုဟိုဘက်လွှဲလိုက်သည်။
Eric သည်လွှဲသွားသော Ken ၏မျက်နှာကိုမေးစေ့မှကိုင်ကာသူနဲ့မျက်နှာချင်းဆိုင်အနေအထားသို့ပြန်လှည့်လိုက်လေသည်။
မေးစေ့မှက်ိုင်၍နှုတ်ခမ်းသားနုနုလေးပေါ်သူ့နှုတ်ခမ်းကိုဖိကပ်လိုက်ပြီးစုပ်ယူလိုက်သည်။
Ken သည်ရုတ်တရက်ကျရောက်လာသည့်အနမ်းကြောင့်လန့်သွားပြီးမျက်လုံးလေးပြူးကာ Eric အားကြည့်နေသည်။
Eric မှာတော့မျက်လုံးအစုံကိုမှိတ်ထားပြီး Ken ကိုတစ်ရှိုက်မက်မက်နမ်းနေတော့သည်။
အနမ်းတွေကိုကြာကြာမတွန်းလှန်နိုင်တော့တာကြောင့် Ken ၏မျက်လုံးအစုံလည်းမှိတ်သွားရသည်။
တုံ့ပြန်ခြင်းမရှိတဲ့ Eric ၏တစ်ဖက်သက်အနမ်းတွေကိုသူ့ကိုယ်သူမကျေနပ်တော့၍ခေတ္တရပ်တန့်ကာ Ken ကိုကြည့်လိုက်သည်။
Ken လည်းကြောက်ကြောက်လန့်လန့်ပုံစံလေးနှင့်ပြန်ကြည့်နေသော်လည်းနှုတ်ဆိတ်နေခဲ့သည်။
တစ်ဖန်ပြန်ကျရောက်လာတဲ့ Eric ၏အနမ်းတွေကိုတော့လွန်ဆန်လို့မရပဲ Ken တုံ့ပြန်နေမိသည်။
Ken ၏အပေါ်နှုတ်ခမ်းကို Eric ကစုပ်ယူနေပြီး Eric ၏အောက်နှုတ်ခမ်းကို Ken ကစုပ်ယူနေသည်။
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)