ချွန်ထက်သော ဒေါက်ဖိနပ်မှ အသံသည် တိတ်ဆိတ်နေသော Agency ထဲရှိ ကြွေပြားပေါ်တွင် ကျယ်လောင်နေသည်။
ပိန်ပါးသော ခြေသလုံးဖွေးဖွေးထက်တွင် ကျစ်လျစ်သော ပေါင်တံများမှာ ဝင်းဝါစိုပြေနေသည်။
တိုတုတ်လှသော စကတ်ကို တင်းကြပ်စွာ ဝတ်ထားပြီး ခြေလှမ်းစိတ်ဖြင့် ဦးတည်နေသော အခန်းမှာ CEO အခန်းကိုပင်ဖြစ်သည်။
"ကိုဇက်.."
ဇာပေါက်ရင်ဟိုက်အကျႌကြောင့် တင်းရင်းသော ရင်သားလှလှမှာ ထင်းနေသည်။
နီရဲသော လက်သည်းနီဖြင့် စားပွဲပေါ်လက်နှစ်ဖက်ထောက်ချကာ ခါးကိုင်းလိုက်သောကြောင့် ရင်သားမှာ ပိုထင်သာသွားသည်။
ဇေရန်ခ အကြည့်လွှဲလိုက်ပြီး ပါးစပ်ရွဲ့လိ်ုက်သည်။ Hazel နှင့် ခပ်ဝေးဝေးတွင်ရှိသော ဆိုဖာပေါ်တွင် ခြေချိတ်ထိုင်ချလိုက်သည်။
"Hazel လည်း ဘာမှမသိရပါလား.."
ဇေရန်ခဘက်လှည့်၍ တည်ကြည်စွာ ပြောလိုက်သည်။ လက်ထဲမှ ပိုက်ဆံအိတ်ကိုလည်း တင်းကြပ်စွာ ဆုပ်ကိုင်ထားလျက်။
"မင်းသိတော့ရော...ဘာလုပ်နိုင်မှာမို့လို့လဲ.."
"အနည်းဆုံးတော့ ဒီကိုပြန်လာတာ ပြောသင့်တာပေါ့.."
ဇေရန်ခနှင့် မျက်နှာချင်းဆိ်ုင်တွင် ဝင်ထိုင်၍ စိတ်ဆိုးသည့်ဟန် ပြောလိုက်သည်။
"ငါလုပ်သမျှ မင်းကို အစီရင်ခံနေရအောင် မင်းကငါ့ရဲ့ မန်နေဂျာ မဟုတ်တော့ဘူး Hazel.."
မိုးဟေဇယ်လ် စကားများဆွံ့အ သွားသည်။ တုံ့ပြန်စရာ စကားမရှိတော့။ ဇေရန်ခပြောလိုက်သော စကားများအားလုံးမှာ အမှန်တွေသာ ဖြစ်နေသောကြောင့် ပြန်ပြောစရာ စကားပင် ဖော်မရ။
သို့သော် သူမ အရှုံးမပေး။
"ဒါပေမယ့် ကိုဇက်က Hazel ရဲ့ ချစ်သူပဲလေ.. ကိုယ့်ချစ်သူကိုတော့ ပြောသင့်တာပေါ့.."
"ဟဟ..ချစ်သူလို့ မသုံးနှုန်းစမ်းပါနဲ့...."
ဇေရန်ခ လှောင်ပြုံး ပြုံးပြီး ထရယ်လိုက်သည်။
"ရွံလို့.."
"တောက်... ကောင်းပြီလေ... ဒါဆိုလည်း ကိုဇက်သိသင့်တဲ့ အကြောင်းကို မပြောရုံပေါ့..."
ESTÁS LEYENDO
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)