စိုင်းလင်းထက် အိမ်ပြန်ရောက်လာတော့ တိတ်ဆိတ်သောအိမ်ထဲတွင် တစ်ယောက်မှမရှိ။
Zion နဲ့နှစ်ယောက်တည်းနေသောအိမ်ဖြစ်၍ အကျယ်အဝန်းမှာသာမာန်လောက်လေးပင်။
တစ်နေကုန်အိမ်မှာနေခဲ့သော Zion တစ်ယောက်ဘယ်များရောက်နေလဲဟု အလုပ်အိတ်တောင်မချသေးပဲ အိမ်အတွင်းအနှံ့လိုက်ရှာမိသည်။
"Zion.."
"Zion..Zion...."
စိုင်းလင်းထက်အနည်းငယ်စိတ်ပူလာသည်။
ပြန်ရောက်ရောက်ချင်းအိမ်ထဲမှာဘယ်သူမှမတွေ့လို့ Zion ပျောက်သွားပြီလားဟုထင်မိသည်။
"ကိုစိုင်း.."
ဝရံတာမှထွက်လာသော Zion မှာ ဘာမှမသိသလို ပြုံးပြသည်။
"Zion.."
"ဟီး.."
အိမ်နေရင်းဘောင်းဘီအပွလေးနှင့် ဆံပင်များကလည်း အိပ်ရာနိုးခါစလို ရှုပ်ပွနေသည်။
"ပြန်ရောက်ပြီလား ကိုစိုင်း.. ကျွန်တော် ဝရံတာကကြည့်နေတာ ကိုစိုင်းဝင်လာတာမတွေ့လိုက်ဘူး.. ကပ်သီးလေးလွဲသွားတာထင်တယ်.. ဟီး"
ဘေးတွင်ရှိသောဆိုဖာပေါ်တွင်အလုပ်အိတ်ကိုချကာ စိုင်း အသက်ဝဝရှုမိသည်။
"ကိုစိုင်း ဘာဖြစ်လို့လဲ.."
"ဘာမှမဖြစ်ပါဘူး.."
မီးဖိုချောင်ထဲအမြန်ပြေးဝင်သွားပြီး ရေအေးအေးလေးတစ်ခွက်ကိုကမန်းကတန်းယူလာကာ စိုင်းအနားရောက်လာသော Zion ပုံစံမှာအလွန်ချစ်ဖို့ကောင်းနေသည်။
"ရေသောက်လိုက်ဦး ကိုစိုင်း.."
"ကျေးဇူးပဲ Zion.."
ပြုံးရုံသာပြုံးပြပြီး စိုင်း ရေသောက်တာကို အစအဆုံးကြည့်နေတော့သည်။
"Mommy!!"
Hazel တစ်ယောက် ဂျွန်အိမ်မှာမရှိတော့တာနဲ့ ဂနာမငြိမ်ဖြစ်နေတော့သည်။
"ဘာလဲ ဟေဇယ်ရယ် ငြိမ်ငြိမ်ထိုင်နေစမ်းပါ"
"မနေနိုင်ဘူး mommy မနေနိုင်ဘူး အဲ့ဒီကောင် ကိုဇက်နဲ့သာယာနေမှာကို ငြိမ်ငြိမ်ထိုင်ကြည့်မနေနိုင်ဘူး တစ်ခုခုတော့လုပ်မှရမယ်"
YOU ARE READING
Love in Hate [Season-1+2]
RomanceHatred is a demon who's trying to grow into our soul and destroy us slowly... Own Creation Written in Burmese [Unicode & Zawgyi]
![Love in Hate [Season-1+2]](https://img.wattpad.com/cover/129738941-64-k816579.jpg)